ကန်ကြီးထောင့်ပြည်ခိုင်ဖြိုး ကျောင်းသား/သူများအား အဟာရဒါနနှင့် ဗလာစာအုပ်များ လှူဒါန်း

အမှတ်(၂) မဲဆန္ဒနယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ လမ်းညွန်မှုဖြင့် မြို့နယ်နှင့် ရပ်/ကျေး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပူးပေါင်းကာ ဇွန်လ (၇) နေ့က ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်အုပ်စု၊ ရေကျော်ကြီးကျေးရွာ အမက ရေကျော်ကြီး ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ဗလာစာအုပ်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မကျည်းကုန်းဆရာတော်အား ဝင်ရောက်ဖူးမျှော်ခဲ့ကြပြီး ဝါးကျောင်းကလေးမှ (90’×30′) ကျောင်းဆောင်သစ်အဖြစ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များမှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

USDP Ayeyarwady Region News


Leave a Reply