ယူရိုဖလားကို ပြင်သစ်အသင်း ဆွတ်ခူးနိုင်စွမ်းရှိဟု ဂရစ်ဇ်မန်းက ပြော

8528578

ပြင်သစ်အသင်းသည် ၎င်းတို့၏ အမိမြေတွင် ယူရို ၂၀၁၆ ဖလားကို ရယူနိုင်သော စွမ်းရည် ရှိသည်ဟု အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားသည်။

သို့သော်မိမိတို့ ပြင်သစ်အသင်းသည် ယူရို ၂၀၁၆ ဖလားကို ရရှိအောင် ကြိုးစားရာတွင် ကံတရား ဖေးမမှုအချို့ လိုအပ်သည် ဟု ၎င်းက ပြောသည်။

နည်းပြ ဒက်စ်ချမ့်စ်၏ ပြင်သစ်အသင်းသည် ယခုနွေရာသီ တွင် အဓိကအင်အားစုတစ်ရပ် ဖြစ်မည်ဟု ဂရစ်ဇ်မန်းက မျှော်လင့်ပြီး အသင်းဖော်များ၏ စွမ်းဆောင်မှုအပေါ် ချီးကျူးထားသည်။‘‘ကျွန်တော်တို့အသင်းမှာ ကြီးကျယ်တဲ့ ကလပ်တွေမှာ ကစားနေကြတဲ့ ကြီးကျယ်တဲ့ ကစားသမားတွေရှိပါတယ်။ ဒါ ကြောင့်ကျွန်တော်တို့အသင်းယူရို ၂၀၁၆ ဖလားရမယ်လို့ ထင်ပါ တယ်’’ဟု ဂရစ်ဇ်မန်းက ပြောကြားသည်။

သို့သော် မိမိတို့အသင်း သည် ပထမဆုံးသုံးပွဲကို အနိုင်ကစားရမည်ဟု ၎င်းက ပြောသည်။ အသင်းတွင် အီဗရာ၊ မာရှယ်နှင့် ပေါ့ဂ်ဘာတို့ကဲ့သို့ အတွေ့အကြုံရှိသော ကစားသမားများအပြင် ခြေစွမ်းပြနေသော လူငယ်ကစား သမားများ လည်း ရှိသည်ဟု ဂရစ်ဇ်မန်းက ပြောသည်။

ဂရစ်ဇ်မန်း (၂၅) နှစ်သည် နည်းပြ ဆီမြွန်နီ၏ အက်သလက်တီကိုအတွက် ပြီးခဲ့သည့် ရာသီ က ၃၂ ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။

—Ref:Goal


Leave a Reply