ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး “သုခ၀တီ” သီလရှင် (သင်) အမျိုးသမီးပညာရေး ပရဟိတကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေနှင့် ဘာသာရေး စာအုပ်/စာစောင်များ လှူဒါန်း

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ သုခဝတီ သီလရှင် (သင်) ပညာရေး ပရဟိတကျောင်း ယခင် မူလတန်းအဆင့်အထိ သင်ကြားပို့ချရာမှ မူလွန် အဆင့် တိုးချဲ့သင်ကြားမည်ဖြစ်သည့်အတွက် စာသင်သား (၁၄၅) ပါး ကျောင်းတက်ရန် ကျောင်းဆောင်ဆောက်လုပ်ရာရန် မြေနေရာ အခက်အခဲ ကြောင့် သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ရန် အလှူငွေများ လိုအပ်လျှက် ရှိသောကြောင့် စေတနာရှင်များမှလည်း ပါဝင်လှူဒါန်းလျှက်ရှိကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှလည်း အလှူငွေနှင့် ဘာသာရေးစာအုပ်၊ စာစောင် များကို ဇွန်လ (၅) ရက် မွန်းလွဲ (၁) နာရီခွဲ အချိန်က ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များနှင့် သွားရောက် လှူဒါန်းရာ ကျောင်းထိုင်ဆရာကြီး ဒေါ်သုပညာနှင့် မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက လက်ခံရယူခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်မှာ အလျား(၃၉)ပေ × အနံ(၃၀)ပေ သုံးထပ် (RC)ကျောင်း ဆောင် ဖြစ်ကြောင်း သိရှိရသည်။

Myint Naing Oo


Leave a Reply