Miss Myanmar World 2016 Winner ဆုကို Bella & ရ မြတ်သီရိလွင်ရရှိ

Miss Myanmar World 2016 ပြိုင်ပွဲ၏ Grand Final ပွဲကို ယမန်နေ့ ည ၇နာရီတွင် Gandamar Grand Ballroom ၌ ကျင်းပ ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဆန်ခါတင် အလှမယ်များဖြစ်ကြသည့် ခင်စန္ဒာ ကြည်၊ Jelly၊ ထရေစီ၊ ရွှန်းလဲ့ ရတီ၊ သဒ္ဒါမရိုင်ရန်၊ ဆိုင်းဂျာထွန်း၊ လုလုဆိုင်းမိုင်၊ ပိုးမြင့်သူခန့်၊ ဇွန် သဇင်သဲ၊ ရွှန်းယမုံ၊ ပင်ကီမေ၊ လဲ့ ယမင်းဦး၊ သဉ္ဇာကျော်၊ Mဂျာ ဆိုင်း၊ နီနီမင်းသူ၊ မိုးစန္ဒာခင်၊ ထွန်း ပုလဲရတနာ၊ Bella ၊ လရိပ်ပြာ၊ ရွှေအိမ်စည်တို့က မြန်မာဝတ်စုံ၊ ညနေခင်းဝတ်စုံ၊ အားကစားဝတ်စုံ များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် Miss Myanmar World 2016 Winner နှင့် Miss Personality ဆုကို ခါးနံပါတ် (2)Bella & မြတ်သီရိလွင်က ရရှိခဲ့ပြီး ဆုကြေးငွေအဖြစ် Phuket Pearl ကျပ်သိန်း ၃၇ဝ တန်ဖိုးရှိ Grown ၊Miss Myanmar World Organization မှ ချီးမြှင့်ငွေ ကျပ်သိန်း ၁ဝဝ၊ Thai Air Asia မှ ချီးမြှင့် သော ဒေါ်လာ ၁၇၅ဝဝ တန်ဖိုးရှိ Air Ticket ၊ Balance fitness တစ်နှစ်စာ member Card များ ပေးအပ်ခဲ့သည်။
1st Runner Up ဆုကို Mဂျာ ဆိုင်းက ရရှိခဲ့ပြီး Fmorn ၏ Phuket Pearl ကျပ်သိန်း ၂၅ဝတန်ဖိုးရှိ Crown ၊ Miss Myanmar Organization မှ ချီးမြှင့်ငွေကျပ်သိန်း ၃ဝ၊ Thai Air Asia မှ ဒေါ်လာ ၁၅ဝဝ တန်ဖိုးရှိသော Fir Ticket များ ပေးအပ်ခဲ့သည်။
2nd Runner Up ဆုကို လရိပ် ပြာမှ ရရှိခဲ့ပြီး Amorn ၏ Phuket Pearl ကျပ်သိန်း ၂၅ဝ တန်ဖိုးရှိ Crown ၊ Miss Myanmar Organization မှ ချီးမြှင့်ငွေကျပ် သိန်း ၂ဝတန်ဖိုးရှိ Thai Air Asia မှ ဒေါ်လာ ၁၅ဝဝ တန်ဖိုးရှိ Air Ticket များ ပေးအပ်ခဲ့သည်။
Miss Myanmar World 2016 Grand Final Top T Final List တွင် Voting အများဆုံး ဆုရှင်အဖြစ် Bella & မြတ်သီရိ လွင်၊ Talent Winner ဆုရှင်အဖြစ် လရိပ်ပြာ၊ နီနီမင်းသူ၊ ဒိုင်လူကြီး များ၏ ကြိုက်နှစ်သက်သူများ အဖြစ် ရွှေအိမ်စည်၊ သဒ္ဒါမရိုင်ရန်၊ ရွှန်းယမုံ၊ ဂျြာဆိုင်း၊ ပိုးစန္ဒာခင်၊ လဲ့ယမင်းဦး၊ ထွန်းပုလဲရတနာတို့ ရရှိခဲ့သည်။
Miss Myanmar World 2016 ပြိုင်ပွဲဝင်အကဲဖြတ်ဒိုင်များအဖြစ် အကယ်ဒမီဆွေဇင်ထိုက်၊ အကယ် ဒမီ မို့မို့မြင့်အောင်၊ ဆရာမ နန်းအိ အိဇာ၊ နိုင်းနိုင်း၊ ဓာတ်ပုံ-မိုးမင်း (Rays)တို့က ပြုလုပ်ခဲ့သည်။


Leave a Reply