မြန်အောင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးတွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုက်နယ်များရှိ ပါတီဝင် အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ (၃) ရက်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ရာ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ များအဖြစ် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်နန့်ဥမ္မာမြနှင့် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်ယဉ်မြတ်သူတို့က ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြန်အောင် မြို့နယ်အတွင်းရှိ မြို့မတိုက်နယ်၊ ကနောင်တိုက်နယ်၊ အင်ပင် တိုက်နယ်၊ သပြေကုန်း တိုက်နယ်နှင့် တာခွထန်းတိုက်နယ်များရှိ ပါတီဝင် အမျိုးသမီးများက တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် ဒေါ်ယဉ်မြတ်သူက အမျိုးသမီးများ ကဏ္ဍစုံအလိုက် ပါဝင်နိုင်ရေး စွမ်းရည် ပြည့်ဝစေရေး၊ ကလေး ငယ်များနှင့် အမျိုးသမီးများ အတင်းအဓမ္မဆောင်ရွက်နိုင်မှုများ အပေါ် ကာကွယ်တားဆီးမှု၊ အမျိုးသမီးများ၏ အခွင့် အရေး စသည်တို့ကိုအပြန် အလှန်ဆွေးနွေးသည်။

ဆက်လက်၍ ဒေါ်နန့်ဥမ္မာမြက အမျိုးသမီးများစီးပွားရေး အခွင့်အရေးဖော် ဆောင်နိုင်ရေး တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ယခုကဲ့သို့ အမျိုးသမီးတွေ့ဆုံပွဲများကို လစဉ် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွင် ဆွေးနွေး လျက်ရှိပြီး ဆက်လက်ဆောင်ရွက် သွားရန်အစီအစဉ်များရေးဆွဲထားကြောင်း ဦးဆောင်ဆွေးနွေးသူ ဒေါ်ယဉ်မြတ်သူ က ပြောသည်။

နေ၀င်းဇော် (မြန်အောင်)


Leave a Reply