မြန်အောင်ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီကေဒါများ ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ကော်မတီဝင်များ အစည်းအဝေး ခန်းမတွင် ဇွန်လ (၃) ရက်နေ့က မြို့နယ် ပါတီကော်မတီများနှင့် တိုက်နယ် အလိုက် အမာခံပါတီကေဒါများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပါတီဝင် အင် အားများတိုးပွားရေးအတွက်ဆောင် ရွက်နိုင်မည့်နည်းလမ်း များကို ဆွေးနွေးခြင်း၊ပါတီဝင်များ၏အခက်အခဲများကို ကူညီပေးနိုင်မည့်အစီအစဉ်များ ဆွေးနွေးခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ပုံမှန်အစည်းအဝေးများ လစဉ် ပြုလုပ်၍ ပါတီဝင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေး ဆွေးနွေးခြင်းနှင့် ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့ကို ဆွေးနွေးပွဲတက်ရောက်လာသူများ ကအပြန်အလှန်ဆွေးနွေးခဲ့သည်။

အဓိကထားဆွေးနွေးချက်မှာ မိမိတို့ပါတီဝင်များအချင်းချင်းပညာ ရေး၊ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ များတွင် အပြန်အလှန်အကူအညီ ပေးနိုင်ရေးအတွက် ပါတီတွင်းလူမှုရေး ဆောင်ရွက်နိုင်သည့်သူများက ဦးဆောင်ကာ ဆောင်ရွက်သွားကြ ရေးတို့ကိုဆွေးနွေးသည်။

ဆွေးနွေး ပွဲတွင် မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ဇော်နှင့်ဦးနေဝင်းဇော် တို့က ဦးဆောင်ဆွေးနွေးကြပြီး သပြေကုန်းတိုက်နယ် တာခွထန်း တိုက်နယ်နှင့် မြို့မတိုက်နယ်များမှ အမာခံပါတီကေဒါများ ပါဝင်ဆွေး နွေးကြသည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply