ဘယ်ဂျီယမ်တွင် ခရီးသည်ရထားက ကုန်တင်ရထားကို ၀င်တိုက်၍ လူ သုံးဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရ

Three-dead-and-40-injured-in-Belgium-train

ဘရပ်ဆဲလ်၊ ဇွန် ၆

ဘယ်ဂျီယမ်နိုင်ငံ ဟာမယ်လီဆော့ဟေး မြို့အနီးတွင် ရထားတိုက်မှုဖြစ်၍ လူသုံးဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာ ရကြောင်း မြို့တော်ဝန်က ပြောသည်။

ခရီးသည်တင်ရထာားက အရှိန်ဖြင့် ခုတ်မောင်းစဉ် ကုန်တင်ရထားတစ်စင်း၏ နောက်တွဲကို ၀င်တိုက်ခြင်းဖြစ်ကြောင်း ရထားလမ်းပိုင်ဆိုင်ရာ မန်နေဂျာက ပြောသည်။

သံလမ်းတစ်လမ်းတည်းပေါ်တွင် ရှိနေခြင်းကြောင့် ယင်းတို့ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဆိုသည်။

ရထားတွဲများ တော်တော်လေးပျက်စီးကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

အဆိုပါ ခရီးသည်တင်ရထားသည် လီဂီမြို့မှ နာမူမြို့ကြား တစ်နာရီ ၉၀ ကီလိုမီတာဖြင့် ခုတ်မောင်းစဉ် ကုန်တင်ရထား နှင့် တိုက်မိခြင်းဖြစ်သည်။

-Ref; BBC


Leave a Reply