ကျောက်မျက်ရန်ပုံငွေဒေါ်လာခုနစ်သန်းကို သမ္မတဟောင်းဦးသိန်းစိန် ထုတ်ယူခဲ့သည်ဟုမီဒီယာ၌အမျိုးမျိုးရေးသားနေခြင်းမှာ မဟုတ်မှန်ကြောင်း သတ္တုတွင်းဝန်ကြီးဟောင်းပြော

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်ရန်ပုံငွေမှ ဒေါ်လာသန်း၈ဝကျော်သည် ယခင် သတ္တုတွင်းဝန်ကြီးဟောင်းအပါအဝင် သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များ အကြား အဂတိလိုက်စားမှုများတွင် ပါဝင်ကာစာရင်းကွာနေပြီးထိုရန်ပုံ ငွေမှ သမ္မတဟောင်းဦးသိန်းစိန်က လည်း ဒေါ်လာခုနစ်သန်းထုတ်ယူ ခဲ့သည်ဟု လူမှုကွန်ရက်နှင့်မီဒီယာ တချို့တွင်အမျိုးမျိုးရေးသားဖော်ပြ နေမှုမှာမမှန်ကန်ကြောင်းသတ္တုတွင်း ဝန်ကြီးဟောင်းဒေါက်တာမြင့်အောင် ကပြောသည်။
နေပြည်တော်ရှိ ကျောက်မျက် အချောထည်ဈေးခြံဝင်းအတွင်း၌ ကျောက်မျက်ရတနာရန်ပုံငွေနှင့် ပတ်သက်၍ ယနေ့နံနက် ၉နာရီခွဲ က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ရာတွင် ဝန်ကြီးဟောင်းဒေါက်တာ မြင့်အောင်က ယင်းကဲ့သို့ရှင်းပြခဲ့ ခြင်းဖြစ်သည်။
”မီဒီယာတချို့က အခုလို သေသေချာချာမစုံစမ်းဘဲ ကိုယ်ယူ ဆချင်သလိုယူဆပြီး ပေါ်ပြူလာ ဖြစ်ရင်ပြီးရော ရေးသားဖော်ပြတာ တွေဟာ သမ္မတဟောင်းဦးသိန်းစိန် ရဲ့သိက္ခာကိုလည်း ထိခိုက်တယ်။ ဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ တဲ့ ပါတီကိုပါထိခိုက်စေပါတယ်။ သမ္မတကြီးကို ဒေါ်လာခုနစ်သန်း ထုတ်ပေးလိုက်တယ်ဆိုတာလည်း မဟုတ်ပါဘူး”ဟု ဒေါက်တာ မြင့်အောင်ကပြောသည်။
သံတော်ဆင့်သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၁၁ တွင် မျက်နှာ ဖုံးစာမျက်နှာတွင်ပါရှိသော သမ္မတ ဟောင်းဦးသိန်းစိန်နှင့်အဖွဲ့ အလွဲသုံး သည့် အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော် ကျောက်မျက်လုပ်ငန်းရှင် များတောင်းဆိုဟူ၍ ဖော်ပြသော ခေါင်းစဉ်ပါကိစ္စမှာ မဟုတ်မမှန် သည့်အတွက်ဥပဒေအကြောင်းအရ အရေးယူတုံ့ပြန်သင့်ကြောင်းသတ္တု တွင်းဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က၄င်း၏ပုဂ္ဂိုလ်ရေးအမြင် အရ ထုတ်ဖော်ပြောကြားသည်။

ယင်းရှင်းလင်းပွဲ၌ ဝန်ကြီး ဟောင်း ဒေါက်တာမြင့်အောင်က ”ကျွန်တော့်အနေနဲ့ရှင်းရရင် ဒီဟာ က ကျွန်တော်ကာလဖြစ်နေတယ်။ ကျွန်တော်မရှင်းရင် ဒီကိစ္စကဟုတ် သလိုလို မဟုတ်သလိုလို ဖြစ်နေ မှာစိုးလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးအရ ခေါ်ယူရှင်းလင်းခြင်းဖြစ်ပါတယ်။အားလုံးလည်း ရှင်းပြီးပါပြီ။ကျွန်တော်တို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ဘာမှမရှိပါဘူး။ ဒီကိစ္စကိုသူရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဦးတစ်ယောက်တည်းဆုံးဖြတ် ချက်မဟုတ်ဘဲ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်သွားပြီးတော့ ၅၁ သန်း သော ပြည်သူလူထုပိုင်သော ကျောက်မျက်ရတနာကရရှိတဲ့ အကျိုးအမြတ်တွေကို သူတို့ရဲ့ ဒေသတွေ၊ ပြည်သူလူထုရဲ့ဖွံ့ဖြိုး ရေးကိစ္စနဲ့ ပတ်သက်တဲ့ဟာတွေ ကို သုံးစွဲခြင်းသာဖြစ်တယ်ဆိုတာ အားလုံးအမြင်ပဲဖြစ်ပါတယ်။ အဲ့ ဒီတော့သံတော်ဆင့်နဲ့ ပစ်စာမှာ တော့ ဒါကျွန်တော်အနေနဲ့ပြောရ ရင် သမ္မတကြီး ဦးသိန်းစိန်က ဒီအထဲပါနေလို့ ပြောတာနော်..။ သမ္မတကြီးဘက်က ကာဘာလုပ် ပြီးပြောတာမဟုတ်ပါဘူး။ သမ္မတ ကြီးဦးသိန်းစိန်က ဒါတွေကိုလည်း လက်ခံတာလည်းမဟုတ်ဘူး။ ဒီဖြစ် ရပ်ကလည်း သူ့သက်တမ်းမှာ မဟုတ်ဘူး။ ဟိုတုန်းက ဖြစ်ပျက် လာခဲ့တဲ့ဟာတွေ။ ဒါတွေကိုသူတို့ ရေးတာက စုံစမ်းပြီးရေးတာလည်း မဟုတ်ဘူး။ သူတို့ထင်တာတွေ လျှောက်ရေးတဲ့အခါကျတော့ပုဂ္ဂိုလ် ရေးအရအများကြီးထိခိုက်ပါတယ်။ ဒီမှာက ဦးစိုးသိန်းလည်းပါတယ်။ကျွန်တော်လည်းပါတယ်။ သမ္မတ ကြီးဆိုရင်လည်း လောလောဆယ် ပါတီဥက္ကဋ္ဌကြီး ဖြစ်နေတယ်။ ဒါဟာ ပါတီကို ထိုးနှက်တယ်။ ပါတီကို သိက္ခာချတယ်လို့ ကျွန် တော်ကတော့ ဒီလိုမြင်တယ်ဗျ။ ကျွန်တော်က ပါတီဝင်မဟုတ်ဘူး။ နဂိုတုန်းကတော့ ပါတီဝင် ရာထူး ဝင်ရောက်တဲ့အခါ ကျွန်တော် နုတ်ထွက်တယ်။ ပါတီမှာအခုထိ လည်း ဘာတာဝန်မှမပေးပါဘူး။ ကျွန်တော်ဘေးအမြင်နဲ့ဆိုရင်တော့ ပါတီကိုလည်း သိက္ခာချတယ်။ပုဂ္ဂိုလ်ရေးအရလည်း သိက္ခာချတဲ့ အတွက်ကြောင့်မို့လို့ ဒါတွေကို တန်ပြန်ဥပဒေအကြောင်းအရအရေး ယူဖို့သင့်တယ်လို့ ကျွန်တော်မြင် တယ်။ မမှန်ကန်တာကိုငြိမ်မနေဘဲ တရားဥပဒေအရ တုံ့ပြန်ရမယ်။ မတုံ့ပြန်ရင် အမှန်ကြီးဖြစ်မယ်။ ဒါကြောင့် ဥပဒေအကြောင်းအရ တုံ့ပြန်သင့်တယ်လို့ ကျွန်တော် ပုဂ္ဂိုလ်ရေးအရ မြင်တယ်”ဟု ၄င်း ကပြောသည်။
ဖော်ပြပါကိစ္စများနှင့် စပ်လျဉ်း ၍ ရှင်းလင်းရာတွင် ၄င်းတို့ထံသို့ မည်သည့်တိုင်စာ ပစ်စာများမှ လာ ရောက်ခြင်းမရှိပဲ သံတော်ဆင့် သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၁၁ တွင် မျက်နှာဖုံးစာမျက်နှာ၌ ပါရှိသောသမ္မတဟောင်းဦးသိန်းစိန် နှင့်အဖွဲ့ အလွဲသုံးသည့်အမေရိကန် ဒေါ်လာသန်း ၈ဝကျော်ကျောက် မျက်လုပ်ငန်းရှင်များ တောင်းဆိုဟု ဖော်ပြသော ခေါင်းစဉ်အပေါ် ရှေး ဦးစွာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယရှင်းလင်းချက်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေးကော်မရှင်သို့ ကျောက် မျက်ရတနာလုပ်ငန်းရှင်းများ၏ရန်ပုံ ငွေဖြစ်သော ဥညန ဏနမခနညအ အနထအ ကိုသုံးစွဲရာ၌ ငွေကြေးအဂတိလိုက် စားမှုအား တိုင်ကြားခြင်းဟူသော ခေါင်းစဉ်တို့ကို ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ယခင်က လုပ်ဆောင် ချက်များမှာ အဂတိကင်းရှင်းစွာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိ ပစ်စာတွင်လည်း မည်သူ မည်ဝါမှ တိုင်ကြားသည်ဆိုသော အမည်နှင့် လက်မှတ်ရေးထိုးထား ခြင်းများမပါရှိကြောင်း၊ ဖော်ပြခဲ့ သည့်ဂျာနယ်တွင် တိုင်ကြားသူ ကျောက်မျက်အသင်းဝင်အားလုံး ကိုယ်စား ဦးကျော်ကျော်ဦးက တိုင် ကြားသည်ဟု ထုတ်ဖော်ရေးသား ထားကြောင်းစသည်ဖြင့်ဒေါက်တာ မြင့်အောင်က ထပ်မံရှင်းလင်း ခဲ့သည်။
အနုပညာဦးစီးဌာနအတွက် အဆောက်အအုံ ဆောက်ရန် အကြောင်းပြချက်ဖြင့်ဦးသိန်းစိန်က ဒေါ်လာခုနစ်သန်းထုတ်ယူသွားသည် ဟု သံတော်ဆင့်သတင်းစာတွင် ဖော်ပြထားခြင်းအပေါ် သတ္တုတွင်း ဝန်ကြီးဟောင်းက ”ကျောက်မျက် ဆိုတာ ပုဂ္ဂလိကပိုင်မဟုတ်ပါဘူး။ ၅၂ သန်းသော ပြည်သူတွေ ပိုင် တာပါ။ ဒါကြောင့် ကျောက်မျက် ထွက်တဲ့ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ သာရေးနာရေးတွေမှာရော ကျန်တဲ့ ပြည်သူတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး တွေမှာပါ ပြန်အကျိုးပြုလုပ်ပေး ရမယ်လို့ သမ္မတကြီးက လမ်းညွှန် ပါတယ်။ ဒါကြောင့် အနုပညာ ရှင်တွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာအဆင့်မီ ပြညောမေ ဗမအ ဃနညအနမ တွေဆောက်ဖို့လို တယ်လို့ သမ္မတကြီးကညွှန်ကြား ပါတယ်။ ဒါကိုဆောက်ဖို့ ကျောက် မျက်ရတနာအကျိုးတူလုပ်ငန်းရှင် များအဖွဲ့ကို အလှူခံတော့ သူတို့ လှူတဲ့ငွေ (ဒေါ်လာခြောက်သန်း) နဲ့မလောက်လို့  ကျောက်မျက်ပြပွဲ ဗဟိုကော်မတီရန်ပုံငွေထဲကဒေါ်လာ တစ်သန်းပါဖြည့်ပြီး လှူပါတယ်။ အဲဒီခုနစ်သန်းကို သမ္မတကြီးက ထုတ်ယူသွားတာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို လွှဲထားလိုက် တာပါ။ သုံးစွဲမှုတွေအားလုံးကို ငညအနမညေူ စာရင်းစစ်၊ပြင်ပစာရင်းစစ် (ဦးမောင်မောင်ထိပ်နဲ့အဖွဲ့)တွေနဲ့ စစ်ပါတယ်။ ကြိုက်တဲ့အချိန်မှာ ဝင်စစ်ကြည့်ပါ။ အဂတိလိုက်စား မှုတွေ မရှိပါဘူး”ဟု ရှင်းလင်း ပြောကြားသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနနှစ်ခုကို ရန်ကုန် အာလိန်ငါးဆင့်အနီးတွင် တစ်ခု၊ မန္တလေး ၇၃ လမ်းတွင် တစ်ခု တည်ဆောက်မည်ဖြစ်ပြီး နှစ်ခုလုံး အတွက် ကုန်ကျမည့်ဒေါ်လာ ခုနစ် သန်း(ငွေကျပ် ၈ဒသမ ၈ဘီလီယံ ကျော်၊ တစ်ခုလျှင် ကျပ် ၄၄၃၃ သန်းနှင့် ၉၈၃၆၃၇) တို့ကို တာဝန်ယူဆောက်လုပ်မည့်ကုမ္ပဏီ ထံလွှဲအပ်စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ကြောင်း၊ ထိုစာချုပ်အရ အနု ပညာဗဟိုဌာနနှစ်ခုစလုံးကို ၂ဝ၁၇ မတ်လတွင်အပြီးဆောက်ရမည်ဖြစ် ကြောင်းလည်း သတ္တုတွင်းဝန်ကြီး ဟောင်းက ရှင်းပြသည်။
မီဒီယာများတွင် အသင်းရန်ပုံ ငွေဟု ရောနှောသုံးစွဲထားသည်မှာ လည်း မှားနေကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီရန်ပုံငွေနှင့် မြန်မာ့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေဟူ၍ နှစ်မျိုးရှိ ကြောင်း၊ ထိုရန်ပုံငွေများမှ ရတနာ ပြပွဲအသုံးစရိတ်များ၊ လုပ်ငန်းသုံး ပစ္စည်းများ ဝယ်ယူခြင်း၊ သာရေး နာရေးလှူဒါန်းရေးများတွင်သုံးခြင်း၊ ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ခြင်း၊ ရတနာထွက် ရှိရာဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့် မိမိ လက်ထက်တွင် လက်ကျန်ဒေါ်လာ ၃၈ သန်းခန့်သာ ရှိတော့ကြောင်း ဒေါက်တာမြင့်အောင်ကပြောသည်။
ထို့အပြင် သမ္မတရုံးဝန်ကြီး ဟောင်း ဦးစိုးသိန်းအား မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီရန်ပုံငွေမှဒေါ်လာငါးသန်း လွှဲပြောင်းပေးခဲ့ခြင်း မရှိကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးရုံး တိုးချဲ့ဆောက်လုပ်ရန် မိမိ(ဝန်ကြီး ဟောင်း ဒေါက်တာမြင့်အောင်) တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့်ဗဟို ကော်မတီရန်ပုံငွေမှ ဒေါ်လာတစ် သန်းထုတ်ပေးခြင်းလည်း မရှိခဲ့ ကြောင်း၊ နေပြည်တော်ရှိ မဏိ ရတနာခန်းမ၏ူနီ ငြေည ပြား၊ ဘေးနှစ်ချပ်နှင့် ဃဃွှဠ လုံခြုံရေး ကင်မရာ အချပ် ၃ဝ အား မလို အပ်ဘဲ လဲလှယ်တပ်ဆင်သည်ဟု မီဒီယာများက ရေးသားခြင်းမှာ မမှန်ကြောင်း ယနေ့နံနက်သတင်း စာရှင်းပွဲတွင် သတ္တုတွင်းဝန်ကြီး ဟောင်းက ငြင်းဆိုခဲ့သည်။
ကျောက်မျက်ထွက်ရာ ဒေသ တွင်းဖွံ့ဖြိုးရေး (ဃျွှ) လုပ်ငန်း များဆောင်ရွက်ရန် ဖားကန့်ဒေသ အတွက် ကျပ်သိန်း၃ဝဝဝ၊ မိုးကုတ် ဒေသအတွက် ကျပ်သိန်း ၂ဝဝဝ ကိစ္စများတွင်လည်း အဂတိလိုက် စားမှုမရှိဘဲ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်အရဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ဗဟိုအလုပ်အမှုဆောင် ဦးသာထွန်းအား ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ရန်ပုံငွေအတွက် ဒေါ်လာနှစ်သန်း ထုတ်ပေးခြင်းမှာလည်း ထိုအသင်း ၏တင်ပြချက်အရ ဗဟိုကော်မတီ အစည်းအဝေးတွင်ဆုံးဖြတ်အတည် ပြုခဲ့ပြီး ပြပွဲဗဟိုကော်မတီရန်ပုံငွေ မှ ဒေါ်လာနှစ်သန်းကို အသင်းသို့ လွှဲပြောင်းပေးခြင်းသာဖြစ်ကြောင်း ဒေါက်တာမြင့်အောင်က ဖြည့်စွက် ရှင်းပြသည်။
လူမှုကွန်ရက်နှင့် မီဒီယာအချို့ တွင်ပါရှိနေသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်းချုပ်၏ရန်ပုံ ငွေတွင် ဒေါ်လာသန်း ၈ဝ ခန့် ကွာဟနေပြီး အဂတိလိုက်စားမှု များရှိနေသည်ဆိုသော မီဒီယာ များ၏ဖော်ပြချက်များသည် မိမိ သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန် ယူထားသောကာလတွင်ရှိသော ကြောင့် မိမိကရှင်းဖို့တာဝန်ရှိသည် ဟုယူဆသဖြင့် မည်သူတစ်ဦးတစ် ယောက်၏ စေ့ဆော်တိုက်တွန်းမှု မျှမပါဘဲ မိမိတစ်ဦးတည်း ပုဂ္ဂလိ ကဆန္ဒဖြင့် ယခုကဲ့သို့ရှင်းလင်းရ ကြောင်းလည်း ¤င်းကပြောသည်။
ထို့အပြင် ယခုကဲ့သို့ပုဂ္ဂိုလ် ရေးဂုဏ်သိက္ခာ ထိခိုက်စေအောင် ရေးသားဖော်ပြသည့် မီဒီယာများ၊ ထိုသို့ရေးသားနိုင်အောင် ပံ့ပိုးပေး သူများကို ဖော်ထုတ်ပြီး ဥပဒေ ကြောင်းအရ တုံ့ပြန်သွားရန်လည်း တိုင်ပင်နေပြီဖြစ်ကြောင်းနှင့် ယခု ကဲ့သို့ အစိုးရသစ်က နိုင်ငံတည် ဆောက်နေချိန်တွင် ထိုသို့ဖော်ပြမှု၊ တုံ့ပြန်မှုများမှာလည်း မဖြစ်သင့်ဟု ယူဆပါကြောင်းသတ္တုတွင်းဝန်ကြီး ဟောင်းက ပြောသည်။
ယင်းသတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ယခင်ကပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်လည်း လေ့လာသူအဖြစ်တက်ရောက်ခဲ့ပြီး ဦးရဲထွဋ်နှင့် သတင်းထောက်များ တွေ့ဆုံပြောကြားရာတွင် ဦးရဲထွဋ် က ထိုသို့ရေးသားဖော်ပြခြင်းမှာ ကျောက်မျက်ရန်ပုံငွေအရှုပ်တော်ပုံ ကိစ္စသည် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြုလုပ်ခြင်းသာဖြစ် ကြောင်း သုံးသပ်ပြောကြားသည်။
”ဒီကိစ္စကို တိုင်ကြားတဲ့သူ တွေကလက်ရှိနိုင်ငံတော်သမ္မတကို တိုင်ကြားတာမဟုတ်ဘဲပြည်ခိုင်ဖြိုး က ထုတ်ပယ်ခံထားရသူတွေ အများကြီးပါနေတဲ့ ဥပေဒရေးရာ နှင့် အထူးကိစ္စရပ်များကော်မရှင်ကို တိုင်ကြားတာဆိုတော့ နိုင်ငံရေး အရဆက်နွှယ်မှုတွေ ရှိနိုင်တယ်။ကျောက်မျက်အသင်းက ရန်ပုံငွေ ယူရိုသန်း ၉ဝကျော်ပျောက်ဆုံးနေ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော် မတီမှာရော လုပ်ငန်းလုပ်ဆောင်မှု မှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ တာကြောင့် နားလည်မှုလွဲတာဖြစ် နိုင်တယ်။ ဒီလောက်ပမာဏများ ပြားတဲ့ ရန်ပုံငွေတွေပျောက်ဆုံးခဲ့တဲ့ ကိစ္စကိုသင်းလုံးကျွတ်အစည်းအဝေး တွေမှာ စာရင်းရှင်းပြီး တိုင်သင့် တယ်ထင်ရင် တိုင်ရမှာဖြစ်ပေမယ့် သူရဦးရွှေမန်းဦးဆောင်တဲ့ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်တွေ အများဆုံး ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်လေ့လာရေးကော်မရှင်ကို သွားတိုင်တာဟာအသင်းကိစ္စထက် နိုင်ငံရေးအကြောင်းတွေရှိမလား ဆိုတာ စဉ်းစားစရာဖြစ်တယ်” ဟူ၍လည်းဝန်ကြီးဟောင်းဦးရဲထွဋ် က သုံးသပ်ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ကျောက်မျက်ရတနာအသင်းမှရန်ပုံ ငွေ ယူရိုသန်း ၉ဝ ကျော်ပျောက် ဆုံးနေသည့်ကိစ္စ၊ ရန်ပုံငွေကောက် ခံရရှိမှုပြပွဲစရိတ်၊ အမေရိကန်ဒေါ် လာခြောက်သန်းကို ဘဏ်တစ်ခု တည်းတွင် အပ်နှံထားရှိမှု၊ ဖားကန့် မြို့ရှောင်လမ်းဖောက်လုပ်ရန် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကိစ္စ၊ ဘက်ဟိုးမြေတူးစက် ငါးစီးအားဦး ကျော်ဌေးထံမှကန်ဒေါ်လာ၆၆ဝဝဝဝ နှင့်ဝယ်ယူသည့်ကိစ္စ၊နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ဈေး ဖွံ့ဖြိုးရေးကန်ဒေါ်လာနှစ်သန်းကိစ္စ၊ အနုပညာဦးစီးဌာနအတွက်သမ္မတ ဟောင်းဦးသိန်းစိန်မှ ကန်ဒေါ်လာ ခုနစ်သန်းထုတ်ပေးခဲ့သည့်ကိစ္စနှင့် ဝန်ကြီးဦးစိုးသိန်းကိုဒေါ်လာငါးသန်း ပေးသည်ဆိုသောကိစ္စတို့နှင့်ပတ် သက်သော အချက်ပေါင်း ၄ဝ ကို ဝန်ကြီးဟောင်းဒေါက်တာမြင့်အောင် က ယင်းကိစ္စများသည် မဟုတ် မမှန်ကြောင်းနှင့် အဂတိကင်းရှင်း ကြောင်းရှင်းလင်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ သို့ သတ္တုတွင်းဝန်ကြီးဟောင်းနှင့် အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးစိုးတင့် လည်းပါဝင်ရှင်းလင်းခဲ့ပြီးပြန်ကြား ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် အခြားစိတ်ဝင်စားသူများလည်း တက်ရောက်လေ့လာခဲ့ကြသည်။

သာလှ(ပျဉ်းမနား)


Leave a Reply