အင်္ဂလန်လက်ရွေးစင် မီလ်နာ ယူရိုပြိုင်ပွဲဝင် အကောင်းဆုံး ကစားသမားစာရင်းတွင် နံပါတ် (၅) နေရာချိတ်

537373000

လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် နည်းပြ ရွိုင်း ဟော့ဆန်၏ အင်္ဂလန်ပထမဦး စားပေး ကစားသမား ၁၁ ဦး စာရင်းတွင် နေရာရရန် အာမခံချက်မရှိ သော်လည်း ယူအီးအက်ဖ်အေက ရွေးချယ်သည့် ယူရို ၂၀၁၆ ပြိုင်ပွဲ ၀င်အကောင်းဆုံးကစားသမား များစာရင်း၌ အံ့သြဖွယ်ရာ ကောင်းအောင် နံပါတ် (၅) နေ ရာတွင် ပါဝင်လာသည်။

ရော်နယ်ဒိုနှင့် အီဗရာဟီမို ဗစ်တို့ ထိပ်ဆုံးမှ ဦးဆောင်ထားသော ယူအီးအက်ဖ်အေထိပ်တန်း ဘောလုံးသမား စာရင်းတွင် မီလ်နာသည် ဂါရတ်ဘေးလ်နှင့် ဆာဂျီယို ရာမို့စ်တို့ကဲ့သို့ ဘော လုံးသမားများကို ကျော်၍ နံပါတ် (၅) နေရာ၌ ရှိနေခြင်းဖြစ်သည်။

ကလပ်အသင်းနှင့် နိုင်ငံအ သင်းတို့အတွက် ကစားသမား၏ စွမ်းဆောင်ရည်အပေါ် အခြေခံ၍ ပြိုင်ပွဲမတိုင်မီ စာရင်းဇယားများ အရ ယခုစာရင်းကို ပြုစုထားခြင်း ဖြစ်သည်ဟု ယူအီးအက်ဖ်အေက ပြောသည်။ရီးရဲလ်မက်ဒရစ်နှင့် ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုသည် ယူအီးအက်ဖ်အေ၏ ဇွန်လအတွက် အကောင်းဆုံး ဘောလုံးသမားများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး အီဗရာဟီမိုဗစ်က ဒုတိယနေရာ၌ ရှိနေသည်။

ပြင်သစ်ကစားသမားနှစ်ဦးဖြစ်သော ဂရစ်ဇ်မန်းနှင့် ပေယက်တို့သည် နံပါတ် (၃) နှင့် နံပါတ်(၄) နေရာ၌ ရှိနေပြီး မီလ်နာ က နံပါတ်(၅)နှင့် ကိုကီက နံပါတ် (၆) နေရာ၌ ရှိနေသည်။

ယင်းစာရင်းတွင် မီလ်နာပါဝင်နေခြင်းသည် အံ့သြစရာကိစ္စတစ်ခုဖြစ်နိုင်သော်လည်း ၎င်းသည် ဧပြီလအတွင်း ပွဲလေးပွဲ၌ ဂိုးဖန်းတီးမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံး ကိုးပွဲတွင် ဂိုးသွင်းခွင့်အကြိမ်ရေ ၃၀ ဖန်တီးနိုင်ခဲ့သည်ဟု ယူအီးအက်ဖ်အေက ထောက်ပြသည်။

နျူအာသည် နံပါတ် (၁၄) နေရာတွင်ရှိနေပြီး ထိပ်တန်း ဂိုးသမားအဖြစ် သတ်မှတ်ခံရကာ ဟွန်ဖရန်သည် နံပါတ် (၁၀) နေရာ၌ ရှိနေပြီး ထိပ်တန်းနောက်တန်း ကစားသမားအဖြစ် သတ်မှတ်ခံရသည်။

—Ref:Goal


Leave a Reply