“သင်တန်းမှ ရရှိ လာသော အသိပညာများ၊ အတွေ့အကြုံများဖြင့် နိုင်ငံ အတွက် မွန်မြတ်တည်ကြည်သော စိတ်ကောင်း၊ စေတနာအမှန်ဖြင့် ဆောင်ရွက်သွားကြရန်” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ Website တွင် Post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကို ဇွန်လ (၁) ရက် ညနေ (၄) နာရီခွဲ အချိန်က ပါတီဌာနချုပ်ရုံး သင်တန်း ကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟို အတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဦးမြတ်ဟိန်း၊ ဦးမြငြိမ်း၊ ဦးစိုးနိုင်နှင့် သူရဦးမြင့်မောင်တို့ တက်ရောက်ကြပြီး ပါတီဌာနချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား သင်တန်း သူ (၄၂) ဦးတို့ တက်ရောက်ကြသည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယနေ့သင်တန်းဆင်း သင်တန်းသား သင်တန်းသူများသည် မကြာသေးမီ ကာလအတွင်း ပြန်လည်ထွက်ခွာကြတော့မည် ဖြစ်ကြောင်း၊ ပါတီဝင်များ အဖြစ် ပါတီ၏ မူဝါဒလမ်းစဉ်များအပေါ် ယုံကြည်ခံယူကြသည့်အတွက် ကိုယ်တိုင်ဆန္ဒပြုဝင်ရောက်လာကြသူများဖြစ်ကြပါကြောင်း၊

မည်သည့်ပါတီ အဖွဲ့အစည်းမဆို ပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြု နိုင်ကြောင်း၊ သို့ဖြစ်၍ ပါတီဝင်အင်အား များပြားလာရန် ပါတီကိုယုံကြည် ထောက်ခံလာကြသူများ တိုးပွားလာစေရန် အမြဲတမ်း စည်းရုံးဆောင်ရွက်နေ ကြရန် လိုကြောင်း၊

ပါတီက ပြည်သူများအကျိုးအတွက် ချမှတ်ထားသော မူဝါဒ၊ လမ်းစဉ်များနှင့် လက်တွေ့အကျိုးပြု ဆောင်ရွက်နေမှုများအပေါ် ဆက်စပ်၍ ပြည်သူများ အတွက် ပြန့်နှံ့စွာ သိရှိနိုင်စေရန်အတွက် ပါတီဝင်တိုင်းက ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

ပါတီ၏ ပုံရိပ်၊ ပါတီဝင်များ၏ပုံရိပ်ကို ထိခိုက်စေရန် ရည်ရွယ်ချက် မမှန်မကန် သတင်းဖြန့်ချိမှုများကိုလည်း အမှန်အတိုင်းသိရှိနိုင်ရန် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

တစ်ဦးချင်း တစ်ယောက်ချင်း လုပ်ဆောင်မှုများရှိသကဲ့သို့ ရည်မှန်းချက်တူ သူများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ကြရန် လိုကြောင်း၊

သင်တန်းသား၊ သင်တန်းသူများသည် လက်တွေ့ နယ်ပယ်တွင် Website, Facebook တို့အား အသုံးပြုနေကြသူများဖြစ်သည့်အတွက် သင်တန်းမှ ရရှိ လာသော အသိပညာများ၊ မိမိတို့အချင်းချင်း တွေ့ဆုံဆွေးနွေးရာမှ ရရှိလာ သော အချက်အလက်များ အား မိမိတို့ပါတီ၊ မိမိတို့ပြည်သူ၊ မိမိတို့ အတွေ့ အကြုံနှင့်ယှဉ်၍ နိုင်ငံအတွက် မွန်မြတ်တည်ကြည်သော စိတ်ကောင်း၊ စေတနာအမှန်ဖြင့် နယ်မြေခံပါတီဝင်များနှင့် ဆက်စပ်ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားပြီး သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


Leave a Reply