မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီအစည်းအဝေးအတွက် (အကြို) ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမတွင် တိုင်းဒေသကြီးကော်မတီဝင် ဦးရဲထွဋ်အောင်နှင့် ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်တို့သည် မိုးညိုမြို့နယ်အတွင်း အသစ် ပြန်လည်ဖွဲ့စည်းပြီးသော အမာခံ(ကေဒါ)များနှင့် မေလ (၃၁) ရက် နံနက် ၁ဝ နာရီခွဲက တွေ့ဆုံ၍ မကြာမီကာလအတွင်း ကျင်းပတော့မည့် မြို့နယ် ပါတီ မျက်နှာစုံညီအတွက် (အကြို) ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည်ဟုသိရသည်။

တွေ့ဆုံပွဲသို့ မိုးညိုမြို့နယ်ပါတီ အတွင်းရေးမှူး ဦးနန်းဦး၊ မြို့နယ်ပါတီ တွဲဖက်အတွင်းရေးမှူး နှင့် ရုံးအဖွဲ့များ၊ ရပ်/ကျေးများမှ အမာခံ၊ ဒုအမာခံများ စုစုပေါင်း အင်အား (၉ဝ) ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply