ဆရီနာနှင့် ဂျိုကိုဗစ် ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်သို့ တက်ရောက်

350785783

မိုးရွာသွန်းမှုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သော ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ထိပ်သီးများဖြစ်ကြသည့် ဆရီနာ ၀ီလီယမ်နှင့် နိုဗက်ဂျိုကိုဗစ်တို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

မိုးကြောင့် နောက်ကျခဲ့ပြီး နောက် ပြန်ကစားသော စတုတ္ထ အဆင့် ပွဲစဉ်တွင် ဆရီနာက အချိန်မဖြုန်းခဲ့ဘဲ ယူကရိန်းမှ အီလီနာ ဆဗစ်တိုလီနာကို ၆-၁၊ ၆-၁ ဖြင့် နှစ်ပွဲပြတ် အနိုင်ယူခဲ့သည်။

ဂျိုကိုဗစ်ကလည်း စပိန် နိုင်ငံမှ ရော်ဘက်တိုဘော်တစ်စ တာအာရွတ်ကို ၃-၆၊ ၆-၄၊ ၆-၁၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျိုကိုဗစ်သည် ဘောတစ်စတာကို အနိုင်ရရှိပြီး ယခုနှစ် ပြင်သစ်အိုပင်း ကွာတားဖိုင်နယ်သို့ တက်ရောက် သွားသည်သာမက ဆုကြေးငွေရရှိမှုတွင် ကန်ဒေါ်လာ သန်း ၁၀၀ ကျော်သွားသော ပထမဆုံးကစားသမား ဂုဏ်ပုဒ်ကိုလည်း ရရှိသွားသည်။

ဂျိုကိုဗစ်သည် ကွာတားဖိုင်နယ်တွင် ချက်တင်းနစ်သမား သောမတ်စ်ဘာဒစ်ခ်ျနှင့် တွေ့ဆုံမည်ဖြစ်သည်။ နိုင်ခြေအဆင့် (၇) ဆာဒစ်ခ်ျက စပိန်မှ ဒေးဗစ်ဖာရာ ကို ၆-၃၊ ၇-၅၊ ၆-၃ ဖြင့် သုံးပွဲ ပြတ် အနိုင်ရရှိခဲ့သည်။

ထိုအတောအတွင်း မိုးရေ စိုစွတ်နေသော ကွင်းများ၌ ကစားခဲ့ရပြီး ပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ သည့် ရက်ဒ်ဝမ်စကာနှင့် ဆီမိုနာဟာလက် စသော နိုင်ခြေအဆင့်ရ အမျိုးသမီးတင်းနစ်သမားများက ပွဲစီစဉ်သူများအပေါ် ဝေဖန် ပြောဆိုခဲ့ကြသည်။

‘‘မိုးရေထဲမှာ ကစားရတဲ့အ တွက် ကျွန်မတကယ်ပဲ အံ့သြမိ တယ်။ ဒေါသလည်း ထွက်မိ တယ်’’ဟု ကမ္ဘာ့အဆင့် ၁၀၂ ပီဂွန်ကိုဗာကို ရှုံးနိမ့်ခဲ့သော ကမ္ဘာ့ အဆင့် ၂ တင်းနစ်မယ် ရက်ဒ်ဝမ် စတာက  ပြောသည်။

-Ref; AP


Leave a Reply