မြန်အောင်၌ ပြည်သူ့အကျိုးဆောင်ရွက်မည့် အမာခံပါတီကေဒါများရွေးချယ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာ အုပ်စုအမာခံပါတီဝင်များ အပြီး သတ်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့က ရှားတောကျေးရွာရှိ ပါတီဝင်ဦးဝင်းအောင်၏ နေအိမ်၌ ကျင်းပခဲ့သည်။
ရွေးချယ်တင်မြှောက်ပွဲသို့ မြန် အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွဲ ဖက်အတွင်းရေးမှူးဦးတင်ဝင်း၊မြို့မ တိုက်နယ်တာဝန်ခံ ဦးနေဝင်းဇော်၊ အမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါ်ယဉ် မြတ်သူ၊ရပ်မိရပ်ဖများနှင့် ပါတီဝင် များတက်ရောက်ခဲ့ကြသည်။ ရှေး ဦးစွာ ဦးနေဝင်းဇော်က ကြိုတင် နှုတ်ခွန်းဆက်စကားပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ရွေးချယ်တင်မြှောက်ခြင်းဆိုင် ရာများ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အခမ်းအနားတက် ရောက်လာကြသော ရပ်မိရပ်ဖများ နှင့် ပါတီဝင်များက ကျေးရွာအုပ်စု ခေါင်းဆောင်နှင့်ဒုတိယခေါင်းဆောင် တို့ကိုရွေးချယ်ပေးခဲ့ကြပြီး အလုပ် သမားခေါင်းဆောင်၊ တောင်သူ လယ်သမားခေါင်းဆောင်၊ အမျိုး သမီးအဖွဲ့ခေါင်းဆောင်နှင့် လူငယ် အဖွဲ့ခေါင်းဆောင်များကိုလည်းရွေး ချယ်ပေးခဲ့ကြသည်။

အခမ်းအနားတွင်ဦးတင်ဝင်းက ယခုရွေးချယ်ပေးလိုက်သောခေါင်း ဆောင်သူများနှင့်ရှားတောကျေးရွာ အုပ်စုရှိ ပါတီဝင်များအားလုံးသည် ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင် မည့်ပါတီဝင်များအဖြစ်ရပ်တည်ပေး ကြစေလိုကြောင်း၊အဖွဲ့များအလိုက် ခေါင်းဆောင်များသည် မိမိတို့အစု အဖွဲ့အလိုက် ပြည်သူများ၏လိုအပ် ချက်များကိုဖြည့်ဆည်းဆောင်ရွက် ပေးကြရန်ပြောကြားခဲ့ပြီး ရွေးချယ် တင်မြှောက်ပွဲကို အောင်မြင်စွာရပ် နားလိုက်သည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply