ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီ အက်သလက်တီကိုသို့ ပြောင်းရွှေ့နိုင်

11B478AF00000514-0-image-a-2_1464770097282

ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီသည် လောလောဆယ်တွင် ဥရုဂွေးအသင်းနှင့် ကိုပါ အမေရိကပြိုင်ပွဲကို အာရုံစိုက်နေဖွယ် ရှိသော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အက်သလက်တီ အသင်းသို့ ပြောင်းရွှေ့ရန် ခြေလှမ်း လှမ်းနေသည်။

ပြင်သစ်ချန်ပီယံနှင့် သုံးနှစ်ကစားပြီးနောက် အက်သလက်တီကိုသို့ ပြောင်းရွှေ့ရေးသည် စိတ်ဝင်စားဖွယ် ဖြစ်သည်ဟု ကာဗာနီ က ဆိုသည်။

ကာဗာနီသည် လီဂူးဝမ်းချန် ပီယံဆု သုံးဆုရရှိပြီး ၁၄၈ ပွဲတွင် ပီအက်စ်ဂျီအတွက် ၈၄ ဂိုး သွင်း ယူခဲ့သည်။

အီဗရာဟီမိုဗစ်ကလည်း ပီအက်စ်ဂျီနှင့် သက်တမ်းမတိုးရန် ဆုံးဖြတ်ထားရာ နည်းပြ ဘလန့် အနေဖြင့် ကာဗာနီကို လက်လွှတ် ချင်မည်မဟုတ်ပေ။ သို့သော် အက်သလက်တီကိုက ကာဗာနီ ကို ချဉ်းကပ်ခဲ့ပါက ၎င်းအားဆက်ထိန်းရန် ဘလန့်အတွက် ခက်ခဲမည်ဖြစ်သည်။

‘‘ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်သင်းက ကျွန်တော့်ကို စိတ်ဝင်စားကြောင်း ပြသထားပြီး ဒါဟာ ကျေနပ်စရာ ဖြစ်ပါတယ်’’ ဟု ကာဗာနီက ပြောကြားပြီး မိမိ သည် လောလောဆယ်တွင် ပီအက်စ်ဂျီကစားသမားဖြစ်နေ၍ ထိုထက်ပိုပြီးပြောရန် မသင့်လျော် ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုအတောအတွင်း အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီမှ ထွက်ခွာနိုင်သော အီဗရာဟီမိုဗစ် က မိမိမှာ ဆွီဒင်ပြည်တွင်း ဘောလုံးလောကအတွက် ခြေစွမ်း ကောင်းလွန်းနေသည်ဟု ပြောကြားပြီး မိခင်နိုင်ငံသို့ ပြန်မည်ဆိုသော သတင်းများကို ပယ်ချလိုက်သည်။

ဘယ်အသင်းသို့ မိမိပြောင်း ရွှေ့မည်ကို သတင်းစာများက ရေးသားမှု ငြီးငွေ့သွားချိန်တွင် ပြောင်း ရွှေ့မည့် အသင်းကို အသိပေးမည်ဟု မိုဗစ် (၃၄) နှစ်က ပြောသည်။

-Ref; Goal


Leave a Reply