ပါတီဗဟိုအကြံပေး ဦးသိန်းဇော် ဟိုပင်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး (ကချင်ပြည်နယ် တာဝန်ခံ) သီရိပျံချီ ဦးသိန်းဇော်နှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် ဇွန်လ (၁) ရက် နံနက် (၁၀) နာရီအချိန်က ဟိုပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး သို့ရောက်ရှိကာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဗဟိုအကြံပေးနှင့်အဖွဲ့သည် ဟိုပင်မြို့ရှိ (၁၀၈)တောင် အမြင့်ဆောင်သည့် မြောက်ရွှေတိဂုံ ဘုရားကြီးသို့ ရောက်ရှိဖူးမြှော်ကာ ဘုရားကြီးရွှေထီးတော်ကပ်လှူရန်အတွက် အလှူတော်ငွေကျပ် ငါးသိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထို့နောက်ဗဟိုကော်မတီဝင်နှင့်အဖွဲ့သည် မိုးညှင်းမြို့သို့ ဆက်လက်ထွက်ခွာ သွားပြီး ညနေပိုင်းတွင် မိုးညှင်းမြို့မှ ပါတီဝင်များနှင့် တွေ့ဆုံကြောင်း သိရှိရပါသည်။

Usdp Kachin


Leave a Reply