ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး

EyWwB5WU57MYnKOuiE21NFcGB531hCT54GGXaYgCzaoqEaXlpFtJtn

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းပထုန်မြို့မှာ ဒီကနေ့မနက်က လေယာဉ်ငယ်တစီးပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၃ ဦးလုံး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလေယာဉ်ငယ်ဟာ ထိုင်းအစိုးရပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းသိပ္ပံဌာနက လေ့ကျင့်ရေး လေယာဉ်ငယ် တစီးဖြစ်ပြီး လေယာဉ်မောင်းသင်ကြားစဉ် ဒီကနေ့မနက် ၅ နာရီလောက် ပျက်ကျသွားတာလို့  နခွန်ပထုန်ရဲတပ်ဖွဲ့ အထူးစုံစမ်းဆေးရေးဌာန ဒုညွှန်မှူး ဗိုလ်မှူးကြီး မာနုပ် မန့်ယိန်းက သတင်းထောက်တွေကို ပြောပါတယ်။

လေယာဉ်ဟာ လေ့ကျင့်ရေးကွင်းကနေ အမြင့်ပေမီတာ ၁၃၀၀ ထိ ပျံသန်းစဉ် အချိန် တစ်မိနစ်တောင်မပြည့်သေးဘဲ လေယာဉ်တောင်ပံမှာ မီးစလောင်နေတဲ့အတွက် အရေးပေါ် ဆင်းသက်ဖို့ ရေဒါအချက်ပေးသံရရှိပြီး အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊  အဲဒီနောက်မှာ နရေးဆွန်ကယ်ဆယ်ရေးအဖွဲ့စကားပြောစက်ကနေ လေယာဉ် ပျက်ကျ ကြောင်း အကြောင်းကြားခဲ့တယ်လို့ ဗိုလ်မှူးကြီးက ဆက်ပြောပါတယ်။

လေယာဉ်ဟာ လေ့ကျင့်ရေးကွင်းနဲ့ ၂ ကီလိုအကွာ ဖိုးထိတာ့ခ်ရပ်ကွက် လယ်ကွင်းထဲ ပျက်ကျတာဖြစ်ပြီး လေယာဉ် အပိုင်းအ၀တွေကတော့ ၃ ကီလို မှ ၄ ကီလိုထိ လွင့်စင်သွား တယ်လို့ဆိုပါတယ်။ ၏

ဒီလေယာဉ်ပျက်ကျမှုမှာ လေကြောင်းသိပ္ပံဌာနလေ့ကျင့်ရေးမှူး ဒုဗိုလ်မှူးကြီး ဆုမ်ဘွန်းခနိုင်ရတန ၀ုန်းဆာ၊ လေယာဉ်မောင်းသူ ဒုဗိုလ် ချင်န၀ပ်နွန်းကလပ်နဲ့ မဟာဆာရခမ်းခရိုင် စိုက်ပျိုးရေး ရန်ပုံငွေကော်မတီဥက္ကဋ္ဌ နိုင်းယင့်ယုဒ်ဥဒွန်းတို့ သေဆုံးပြီး လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ ဆက်လက် စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြ သွားပါတယ်။

(DVB Burmese)


Leave a Reply