ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ၏ အမှတ်တရပစ္စည်းများ ရောင်းချတော့မည်

2304442-full-lnd

လန်ဒန်- ဘောလုံးလောကတွင် နှစ်ပေါင်း (၆၀) ကြာမြင့်ပြီးနောက်ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီသည် ဘောလုံးသမား ဘ၀တစ်လျှောက် စုဆောင်းခဲ့သော အမှတ်တရပစ္စည်းများကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။

ပီလီ၏ ဘောလုံးသမားဘ၀အမှတ်တရပစ္စည်းများကို လန်ဒန်မြို့တွင် လာမည့်လအတွင်း ရောင်းချမည်ဖြစ်ပြီး ဘရာဇီး တိုက်စစ်မှူးကြီး၏ (၁၅) နှစ်သားအရွယ်က ဆန်းတို့စ်အသင်းနှင့် ပထမဆုံး စာချုပ် ချုပ်ဆိုခဲ့ချိန်က စ၍ ဘောလုံး လောကမှ အနားယူချိန်အထိ စုဆောင်းခဲ့သော အမှတ်တရပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

နောက်ကျော၊ တင်ပါးနှင့် သုက်လွှတ်ဂလင်းခွဲစိတ်ကုသမှု ခံယူရန် ဆေးရုံတက်နေသည့် ပီလီ (၇၅) နှစ်က ပြီးခဲ့သည့် နှစ် (၆၀) အတွင်း စုဆောင်းခဲ့သော ပစ္စည်းအမျိုးမျိုးကို ရောင်းချလိုနေသည်။

‘‘အဲဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမယ့် ဂရုတစိုက်သေချာစောင့်ရှောက်ထားဖို့ တော်တော်ကြိုးစား ရပါတယ်’’ ဟု ပီလီက ပြောသည်။

ပစ္စည်းရောင်းရငွေမှ အချို့ကို ဘရာဇီးနိုင်ငံရှိ ပီကွီနိုပရင့်စီပီကလေးဆေးရုံသို့ လှူဒါန်းမည်ဖြစ်ပြီး လေလံကုမ္ပဏီ Julien’s Auct-ions က ပေါင်နှစ်သန်းခွဲနှင့် သုံးသန်းခွဲကြားရရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းသို့ ရောင်းချရခြင်းတွင် အကြောင်းရင်းများစွာရှိပြီး ကိုယ်ရေးကိုယ်တာ အရေးကိစ္စများကြောင့် ပါဝင်သလို ပီလီတစ်ဦး တည်းသာသိသော အကြောင်းရင်းများကြောင့်လည်း ဖြစ်သည်ဟု လေလံကုမ္ပဏီက ပြောသည်။

ပီလီသည် ဘရာဇီးအသင်း ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ တို့တွင် ကမ္ဘာ့ဖလားသုံးကြိမ် ရရှိမှု၌ ပါဝင်ခဲ့သူဖြစ်သည်။

—Ref:BBC


Leave a Reply