နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောက်ခြေ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်အဆင့် ညီလာခံ ကိုယ်စားလှယ်ရွေးပွဲကို မေလ (၃၀) ရက်နေ့မှ စ၍ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်များ၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ပါတီဝင်ပြန်လည်စိစစ်ရာ ပါတီစည်းရုံးနယ်မြေ ၁၄ ခု၊ ကျေးရွာအုပ်စု ၇၂ အုပ်စု၌ ပါတီဝင် ၂၈ဝဝဝ ကျော်ရှိပြီး ယခုအခါ ပါတီအောက်ခြေ စည်းရုံးရေးလုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိသည်။
ကျေးရွာအုပ်စုမျက်နှာစုံညီစည်းဝေးကျင်းပပြီးလျှင် မြို့နယ်အဆင့် မျက်နှာစုံညီစည်းဝေး ကျင်းပမည်ဟု သိရသည်။

ဌေးမြင့်မောင်


Leave a Reply