ရွေးကောက်ပွဲဥပဒေများ စတုတ္ထအကြိမ် ပြင်ဆင်မှု ပြည်သူ့လွှတ်တော်ပေးပို့ချက်အတိုင်း အမျိုးသား လွှတ်တော် အတည်ပြု

13081804_1136480829709399_320826700_n

ရွေးကောက်ပွဲ ဥပဒေများ စတုတ္ထအကြိမ်ပြင် ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်အတည်ပြု ချက်အတိုင်း အမျိုးသားလွှတ် တော်က မေလ ၃၀ ရက်တွင် ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပြင်ဆင်သည့် ဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်များတွင် မကျင်းပ ရဘဲ ဒုတိယ၊ တတိယနှင့် စတုတ္ထ နှစ်များတွင်သာ ကျင်းပရတော့ မည်ဖြစ်သည်။ အဆိုပါဥပဒေ ကြမ်းများသည် ကြားဖြတ်ရွေး ကောက်ပွဲနှင့် ပတ်သက်သည့်ပြ ဋ္ဌာန်းချက်များကို ပြင်ဆင်ထား ခြင်းဖြစ်သည်။

ဥပဒေကြမ်းများတွင် လွှတ် တော်ကိုယ်စားလှယ်နေရာ လစ် လပ်နေကြောင်း လွှတ်တော်သက် တမ်းပထမနှစ်အတွင်း လွှတ် တော်ဥက္ကဋ္ဌက အကြောင်းကြား လျှင် ကြားဖြတ်ရွေးကောက်ပွဲကို တစ်နှစ်အတွင်း၌လည်းကောင်း၊ လွှတ်တော်သက်တမ်း ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် များးတွင် အကြောင်းကြားပါက ခြောက်လအတွင်း၌လည်း ကောင်း ရွေးကောက်ပွဲကျင်းပရ မည်ဟု ပြင်ဆင်ထားသည်။

လွှတ်တော်ဆိုင်ရာ ရွေး ကောက်ပွဲဥပဒေကြမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ပြင်ဆင်ကာ လွှတ်တော်သို့ ပေးပို့ခဲ့ရာ ကြားဖြတ် ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်း ပထမနှစ် နှင့် နောက်ဆုံးနှစ်များသည် အ သွင်ကူးပြောင်းရေးကာလများ ဖြစ်၍ ယင်းနှစ်များတွင်ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုရကြောင်း၊ လွှတ်တော်သက် တမ်း ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များအတွင်းသာ ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပရမည် ဖြစ်ကြောင်းပါရှိသည်။

ထိုသို့ပေးပို့လာမှုအပေါ် ပြည်သူ့လွှတ်တော်က လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ လစ်လပ်နေကြောင်း လွှတ် တော်သက်တမ်း ပထမနှစ်အ တွင်း လွှတ်တော်ဥက္ကဋ္ဌက အ ကြောင်းကြားလျှင် ကြားဖြတ်ရွေး ကောက်ပွဲကို တစ်နှစ်အတွင်း လည်းကောင်း၊ လွှတ်တော်သက် တမ်း ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များတွင် အကြောင်း ကြားပါက ခြောက်လအတွင်း လည်းကောင်း ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပရမည်ဟု ပြင်ဆင်ခဲ့သည်။

အဆိုပါ ဥပဒေကြမ်းများကို မေလ ၁၁ ရက် ပြည်သူ့လွှတ် တော်တွင် ကန့်ကွက်သူမရှိ အ တည်ပြုပြီး အမျိုးသားလွှတ်တော် တွင် ဆက်လက်ဆွေးနွေးရန် ပေး ပို့ခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ စတုတ္ထ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း များကို အမျိုးသားလွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ဦးခင် မောင်လတ် တစ်ဦးတည်းသာ အကြံပြုဆွေးနွေးသူရှိသည်။

ဆွေးနွေးချက်များအရ ဥပ ဒေကြမ်းများကို ပြည်သူ့လွှတ် တော်က ပြင်ဆင်အတည်ပြုထား သည့်အတိုင်း ဆက်လက်အတည် ပြုရန် သဘောတူခဲ့သည်။ ထို့ နောက် မေလ ၃၀ ရက်တွင် အ မျိုးသားလွှတ်တော်၌ အဆုံးအ ဖြတ်ရယူပြီး ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ရာ လွှတ်တော်နှစ်ရပ်သဘောထား ကွဲလွဲမှုမရှိဘဲ အတည်ပြု နိုင်ခဲ့သဖြင့် ပြည်ထောင်စုလွှတ် တော်က အတည်ပြုသည်ဟု မှတ် ယူနိုင်ကာ ဥပဒေအဖြစ် ပြဋ္ဌာန်း နိုင်ရေး နိုင်ငံတော်သမ္မတ လက် မှတ်ရေးထိုးနိုင်ရန် သမ္မတထံ ပေး ပို့ရမည်ဖြစ်သည်။


Leave a Reply