ဖော်လူဂျာမြို့အတွင်းသို့ အီရတ်တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်

Shi'ite fighters with Iraqi security forces fire artillery during clashes with Islamic State militants near Falluja, Iraq, May 29, 2016. REUTERS/Alaa Al-Marjani

အိုင်အက်စ်အဖွဲ့နှင့် ဖော်လူဂျာမြို့ တိုက်ပွဲများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသော အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ

(Alaa Al-Marjani/reuters)

 

ဘဂ္ဂဒက်မြို့အနီးရှိ အိုင် အက်စ်အဖွဲ့၏ အမာခံနယ်မြေ ဖြစ်သော ဖော်လူဂျာမြို့ကို တိုက် ခိုက်မည့် အီရတ်စစ်တပ်၏ စစ်ဆင်ရေးများ တနင်္လာနေ့တွင် စတင်ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ရိုက်တာ သတင်းထောက် တစ်ဦးအား ပြောကြားသည်။

ယင်းမြို့သို့ ထိုးဖောက်ဝင် ရောက်ရန် အီရတ်တပ်ဖွဲ့တစ်ဖွဲ့ ကြိုးစားနေသည်ဟု ၎င်းက ပြော ကြားစဉ် ဖော်လူဂျာမြို့ တောင်ပိုင်း နိုင်မီယာဒေသတွင် ပေါက်ကွဲသံများနှင့် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ရိုက်တာ သတင်းထောက်က ပြောသည်။

အီရန်နိုင်ငံကို ကျောထောက် နောက်ခံပြုထားသော ရှီးဟိုက် မွတ်စလင် လက်နက်ကိုင်များ၏ အကူအညီဖြင့် အီရတ်စစ်တပ်က ဖော်လူဂျာမြို့ ပြန်လည်သိမ်းယူရေး စစ်ဆင်ရေးကို မေလ ၂၃ ရက်တွင် စတင်ခဲ့ပြီး ယင်းမြို့တစ်ဝိုက် ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ် ခဲ့ကာ ယခုအခါ တိုက်ရိုက်ထိုး ဖောက် ၀င်ရောက်နေပြီဖြစ် သည်။

နိုင်ငံတကာ ညွန့်ပေါင်းအ ဖွဲ့၊ အီရတ်လေတပ်နှင့် စစ်ဘက် လေကြောင်း လက်နက်ကြီးနှင့် သံချပ်ကာကားများ အကူအညီဖြင့် အီရတ်တပ်ဖွဲ့များသည် ဖော်လူဂျာမြို့သို့ ၀င်ရောက်သွားကြောင်း ယင်းစစ်ဆင်ရေးကို တာဝန် ယူထားသည့် တပ်မှူး ဒု ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဝါဟာ အယ်လ်ဆာဒီက ပြောကြားသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့များ၊ အန်ဘာပြည်နယ် ရဲတပ်ဖွဲ့နှင့် အီရတ်စစ်တပ်တို့သည် နံနက် ၄ နာရီတွင် ဖော် လူဂျာမြို့သို့ မျက်နှာစာသုံးခုမှ စတင်ဝင်ရောက်ခဲ့ကြောင်း ၎င်း က ပြောသည်။

သီတင်းတစ်ပတ်ကြာပြီဖြစ် သော ယင်းစစ်ဆင်ရေးသည် ကနဦးတွင် ဖော်လူဂျာမြို့တစ် ၀ိုက်ရှိ ကျေးရွာများနှင့် ကျေး လက်ဒေသများကို ပြန်လည်သိမ်း ယူရေး အဓိကထား လုပ်ဆောင် ခဲ့သည်။

ဖော်လူဂျာမြို့ကို ထိုးစစ် ဆင်မှုမတိုင်မီ မိသားစုရာဂဏန်း အရေအတွက်မျှသာ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့ပြီး အရပ်သား ၅၀,၀၀၀ ခန့် မြို့တွင် ပိတ်မိနေ၍ စစ်သွေးကြွများက လူသားဒိုင်းများအဖြစ် အသုံးချလာနိုင်သည် ဆိုသော စိုးရိမ်မှုများ ရှိနေသည်။

—Ref: Reuters


Leave a Reply