လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နှင့် မန်ယူအသင်း ၂၀၂၀ ပြည့်နှစ်အထိ စာချုပ် ချုပ်ဆို

57378378378

အသက် (၁၈) နှစ်အရွယ် မန်ယူတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်သည် အသင်းနှင့် ၂၀၂၀ ပြည့်နှစ်အထိ ရှိမည့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်သည်။

လူငယ်တိုက်စစ်မှူးသည် ဖေဖော်ဝါရီက ကစားခဲ့သော မစ်ဂျီလန်းနှင့် ပွဲ၌ မန်ယူအသင်းကြီးတွင် ပထမဆုံး ပါဝင် ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူခဲ့ကာ တစ်ရာသီအတွင်း (၁၈)ကြိမ် ကစားခွင့်ရခဲ့ပြီး ရှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ရက်ရှ်ဖို့ဒ်သည် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အင်္ဂလန်ပဏာမ ၂၆ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး သောကြာနေ့က သြစတြေးလျနှင့် ပွဲ၌ ပထမဆုံး ပါဝင်ကစားကာ တစ်ဂိုးသွင်းယူခဲ့သည်။

‘‘ကျွန်တော့်ကိုယ် ကျွန်တော် သက်သေပြဖို့ အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းမှာ ဘောလုံးကစားခွင့်ရတာ ကျွန်တော်နဲ့ မိသားစုအတွက် ပြည့်စုံသွားပါတယ်’’ဟု ရက်ရှ်ဖို့ဒ်က ပြောသည်။

‘‘သူဟာ အရမ်းငယ်ပါသေးတယ်။ စိတ်ရှည်ဖို့ လိုပါတယ်။ မှန်မှန်ကန်ကန်တော့ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ သူရှေ့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်’’ ဟု မန်ယူဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါဒ်က ပြောကြား သည်။

– Ref:BBC


Leave a Reply