နိုင်ငံခြားရေးဝန်ကြီးဌာန အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအတွက် သင်တန်းသားခေါ်ယူ

နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကိစ္စများတွင် စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံမှုရှိသူများအတွက် ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်း Certificate Course in Basic Diplomatic Skills သင်တန်းအမှတ်စဉ် (၃၇) အတွက် သင်တန်းကို ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းသားများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သံတမန်ရေးရာ သဘောတရားများကို သိရှိနားလည်စေရန် Diplomacy နှင့် ပတ်သက်သော ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးကျင်းပခြင်း (International Conferencing)၊ စေ့စပ်ညှိနှိုင်းပြောဆိုမှုနည်းလမ်းများ (Negotiating Techniques)၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာဘာသာရပ်များ (International Law)၊ စီးပွားရေးဘာသာရပ်များ (Economic) အပါအဝင် သံတမန်ရေးရာ (Protocol) နှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားရမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအနေဖြင့် ရက်သတ္တ ၁၂ ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် စတင်လက်ခံ နေပြီဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းသားအရေအတွက် ကန့်သတ်ထားပြီး သင်တန်းကို ဇွန်လ (၁၀) ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁- ၂၂၁၅၃၁၊ ၂၂၁၅၃၇၊ ၂၂၂၀၂၈ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


Leave a Reply