ပြောင်းဖူးကို အရသာပိုထူးအောင် ပြုတ်စားကြည့်ချင်ရင်

1728461908_57a92b9789_b_corn-on-the-cob-750x500_0

ဒီလိုရာသီမှာ လတ်လတ်ဆတ်ဆတ် ပြောင်းဖူးထက် စားကောင်းတာ ဘာမှ မရှိပါဘူး။ ပြောင်းဖူးကို ပြုတ်စားဖို့ အတွက် အရသာ ပိုမို ထူးခြားကောင်းမွန်အောင် ချက်နည်းပြုတ်နည်း အသစ်အသစ်တွေနဲ့ လူတွေ အမြဲ ဆန်းသစ် တတ်ကြပါတယ်။ ပြောင်းဖူးပြုတ်ကို နောက်တစ်ဆင့် ပိုမိုထူးခြားကောင်းမွန်အောင် ပြင်ဆင်ချက်ပြုတ်ပြီး လူတိုင်း လက်ဖျားလောက်စရာ ဖြစ်သွားစေချင်ရင်တော့ ရေပွက်ပွက်ဆူပြီးတာနဲ့ အိုးထဲ ဒီပစ္စည်းနှစ်မျိုး ထည့်ပေးလိုက်ရုံပါပဲ။

ထည့်ပေးရမှာကတော့ နို့နဲ့ထောပတ်ပဲ ဖြစ်ပါတယ်။ ပြောင်းဖူး ၅- ၆ ဖူးလောက်ပြုတ်မယ်ဆိုရင် နို့ (၁) ခွက်နဲ့ ထောပတ် တစ်ကော်စာလောက် အိုးထဲ ခပ်ထည့်ပေးရပါမယ်။ ပြောင်းဖူးထည့်ပြီးနောက် ၆မိနစ်ကနေ ၈ မိနစ်လောက်ထိ ပြုတ်ပေးပါ။ ပြောင်းဖူးအနံ့တွေ မွှေးကြိုင်စွာ ထွက်ပေါ်လာပါလိမ့်မယ်။ တချို့က သကြားတွေ ထည့်ပြုတ်တတ်ကြပါတယ်။

အနည်းငယ်သာ ပြုတ်မယ်ဆိုပါက ဒီနည်းစနစ်လေး စမ်းသုံးကြည့်ပါ။ ပြောင်းဖူးကို အခွံနဲ့ပါ အိုးထဲထည့်ပြီး ၃-၄ မိနစ် မိုက်ခရိုဝေ့မီးဖိုဖြင့် ချက်ပြုတ်ပါ။ ပြီးနောက် အိုးထက်နေ ပြန်ထုတ်ပြီး အဖျားတွေ ဖြတ်ထုတ်ပစ်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ ပြောင်းဖူးပြုတ်ကို စားသုံးနိုင်ပါပြီ။

-Ref: Simplemost 


Leave a Reply