ဟူးလ်စီးတီး ပရီးမီးယားလိဂ်သို့ ပြန်လည် တက်ရောက်

737863786378

ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံရှစ် ရှုံးထွက်ဗိုလ်လုပွဲ၌ မိုဟာမက်ဒီယမ်မီ၏ သွင်းဂိုးဖြင့် ဟူးလ်စီးတီးက ရှက်ဖ်ဖီးဝက်နက်စ်ဒေး အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိခဲ့သည်။

၂၅ ကိုက်အကွာမှ ကွင်းလယ်လူ ဒီမီယမ်၏ ညာခြေဖြင့် ဝှေ့ဝိုက်ကန်သွင်းသောဂိုးဖြင့် ဟူးလ်စီးတီးအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

 နည်းပြ စတိဗ်ဘရုစ်၏ ဟူးလ်စီးတီးအသင်းက ပွဲကိုကြီး စိုးထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သို့ တန်းမတက်နိုင်သည်မှာ ၁၆ နှစ်ရှိပြီဖြစ်သော ဝက်နက်စ်ဒေးအသင်းမှာ ရုန်းကန်ခဲ့ရသည်။

ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရခဲ့သည့် ဟူးလ်စီးတီးအသင်းသည် ပေါင်သန်း ၁၇၀ ထက်မနည်း ရရှိမည်ဖြစ်ပြီး ဒီယမ်မီ၏ ယခုရာသီ ၁၀ ဂိုးမြောက်ဂိုးမှာ ယနေ့အထိ ဟူးလ်စီးတီးအတွက် ၎င်း၏အရေးအပါဆုံးဂိုး ဖြစ်သည်။

သုံးရာသီအတွင်း ဝင်ဘလေကွင်းတွင် ဗိုလ်လုပွဲသုံးကြိမ် အနိုင်ရပြီး တန်းတက်ခွင့်ရခဲ့သည့် ဟူးလ်စီးတီးသည် ပထမအကြိမ် တန်းတက်ရန် ကြိုးပမ်းမှု အောင်မြင်ခဲ့သော ဘန်လေအသင်းနှင့် ပရီးမီးယားလိဂ်သို့ တက်ရောက်ခွင့် ရသွားသည်။

ဗိုလ်လုပွဲအနိုင်ရခဲ့ပြီးနောက် ဟူးလ်စီးတီးနည်းပြ စတိဗ်ဘရုစ် က လာမည့်ရာသီတွင် အမြင့်မားဆုံး စွမ်းဆောင်ရည် ဖြင့် ကြိုးစားမည်ဟု ပြောပြီး ဝက်နက်စ်ဒေး အသင်း နည်းပြ ကားလို့စ်ကာ ဗာဟယ်က ဟူးလ်စီးတီးအနိုင်ရ ထိုက်သည်ဟု ပြောသည်။

—Ref: BBC


Leave a Reply