ဗြိတိသျှကောင်စီမှ General English နှင့် IELTS Preparation အင်္ဂလိပ်စာ သင်တန်းသစ်များအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်မည်

ဗြိတိသျှကောင်စီမှ General English နှင့် IELTS Preparation အင်္ဂလိပ်စာ သင်တန်းသစ်များအတွက် ဝင်ခွင့် စာမေးပွဲများကို ဇူလိုင်လ (၁၈) ရက်မှစတင်၍ အပတ်စဉ် ကျင်းပသွားမည်ဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် မည်သူမဆို သင်တန်းတက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်စာမေးပွဲများပြုလုပ်မည့် အနီးဆုံးရက်မှာ မေလ (၃၀) ရက်နှင့် ဇွန်လ (၁) ရက်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲကြေး အနေဖြင့် မြန်မာငွေ တစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကာ သင်တန်းကြေးမှာ General English အနေဖြင့် အသက် (၁၈) နှစ် နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအတွက် ၃၉၅,၀၀၀ ကျပ်နှင့် (၁၈) နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအတွက် ၄၂၀,၀၀၀ ကျပ်၊ IELTS Academic (60 hours) အတွက် ၄၂၀,၀၀၀ ကျပ်၊ IELTS Express (30 hours) အတွက် ၂၂၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။

အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးစလုံး ပိုမိုတိုးတက်လာစေရန် ဗြိတိသျှကောင်စီမှ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ အရည်အချင်းပြည့်မီသည့် ဆရာ၊ ဆရာမများမှ ခေတ်မီသင်ကြားရေး အထောက်အကူပြု ပစ္စည်းများစွာဖြင့် သင်ကြား ပို့ချပေးမည်ဖြစ်သည်။

အကြောင်းအရာများ ပိုမိုသိရှိလိုပါက www.britishcouncil.org.mm/my/ english  (မြန်မာဘာသာ အင်တာနက် စာမျက်နှာ) နှင့် www.britishcouncil.org.mm/english (အင်္ဂလိပ်ဘာသာအင်တာနက်စာမျက်နှာ) တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ (ရန်ကုန်) ဖုန်း-၃၇၀၉၃၃၊၃၇ဝ၈၂၉၊ ၃၇ဝ၈၃ဝ သို့ ဆက်သွယ် မေးမြန်းနိုင်ပြီး enquiries@mm.britishcouncil.org သို့လည်း အီးမေးလ်ပို့၍ဖြစ်စေ၊ www.facebook.com/British CouncilMyanmar မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် ဆက်သွယ်ရန် အခက်အခဲရှိပါက online form ( http://bit.ly/bc-call-back ) ကိုဖြည့်၍ အချက်အလက်များပေးခဲ့ပါက ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။


Leave a Reply