အောင်မြေသာစံ ပြည်ခိုင်ဖြိုး ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ပေး

13254026_1749763388633729_5526213187047819795_n

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူများ ဝမ်းရောဂါမဖြစ်ပွား စေရေးအတွက် ကြိုတင်ဆောင်ရွက်သော ယင်နှိမ်နင်းရေးစီမံချက်ကို ယနေ့ (မေလ ၂၅ ရက်) နံနက် (၁၀) အချိန်မှ စတင်၍ ညောင်ကွဲရပ်ကွက်အတွင်းရှိ ယင်ပေါများ သောနေရာများဖြစ်သည့် အမှိုက်ပုံများ၊ စိုစွတ်သောနေရာများ နှင့် အိမ်သာများအား ယင်နှိမ်နင်းရေး ဆေးပုံး (၂)ပုံးဖြင့် ခရိုင်ပါတီ အတွင်းရေးမှူး ဦးဘိုသင်း၊ မြို့နယ်နယ်မြေတာဝန်ခံ ဦးကျော်စန်း၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ ညောင်ကွဲရပ်ကွက် စည်းရုံးရေးမှူးနှင့် ပါတီဝင်များမှ ကွင်းဆင်း၍ ဆေးဖျန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ko Htay


Leave a Reply