အမေရိကန်တို့က ဗီယက်နမ်အပေါ် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှု ဖယ်ရှား

13240533_1710378872535947_5108974982783279778_n

ဟနွိုင်း မေ ၂၃

အမေရိကန်သမ္မတဘားရက်အိုဘားမားသည် အာရှဒေသ၌ နိုင်ငံရေးအားပြိုင်မှုညီမျှမှုရှိစေရေး တနင်္လာနေ့က ဗီယက်နမ်သို့ ပထမဦးဆုံးအကြိမ်ဖြစ် သွားရောက်ခဲ့သည်။ တောင်တရုတ်ပင်လယ်အရေးတင်းမာမှုများ မြင့်တက် နေချိန် အမေရိကန်၏ ကာကွယ်ရေးစွမ်းအားမြှင့်တင်နိုင်ရေး ယခင်က ရန်ဘက် နိုင်ငံဖြစ်ခဲ့သော ဗီယက်နမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထိုခရီးစဉ်၌ ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကန်က အမေရိကန်နိုင်ငံသည် ဗီယက်နမ်အပေါ်လက်နက်ကုန်သွယ်မှုကို ပိတ်ပင်လိုက်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

အဆိုပါခရီးစဉ်မစတင်မီ ဝါရှင်တန်၌ ဗီယက်နမ်အပေါ်ဆယ်စုနှစ်တစ်ခုကျော်ကြာအောင်ထားရှိခဲ့သည့် လက်နက် ကုန်သွယ်ခွင့် ပိတ်ဆို့မှုများကို ဖယ်ရှားသင့်မသင့်နှင့် အမေရိကန်တပ်၏ နည်းပညာများ ဖြန့်ဝေရန် သင့် မသင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ပိတ်ဆို့မှုတစ်စိတ်တစ်ဒေသကို ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းကတည်းက ဖြေလျှော့ပြီး ဖြစ်သည်။

သို့သော်သုတေသီများက ထိုသို့ ပြုလုပ်ခြင်းမှာစွန့်စားရာရောက်ကြောင်း လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြင်းထန်စွာ တောင်းဆိုလျက်ရှိသည့် အာရှဒေသ မဟာမိတ်များနှင့် ဆွေးနွေးရာတွင် သက်ရောက်မှုရှိနိုင်ကြောင်း ပြောသည်။

ဗီယက်နမ်နိုင်ငံသည် လက်နက်ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးရန် တောင်းဆိုလျက် ရှိပြီး နိုင်ငံတော်ကာကွယ်ရေး၊ ကုန်သွယ် ရေးမိတ်ဖက်များထံမှ လက်နက် ဝယ်ယူခြင်းမှာ သမားရိုးကျကိစ္စပင်ဖြစ်ကြောင်း ပြောသည်။

(ရိုက်တာ)


Leave a Reply