မော်ရင်ဟို နည်းပြသစ်ဖြစ်လာရင် မန်ယူလက်ထောက်နည်းပြ “ဂစ်” အသင်းမှ ထွက်ခွာဖွယ်ရှိ

GIGGS-main_2794382a

မန်ယူအသင်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူလျက် ရှိနေတဲ့ Ryan Giggs (ရွိုင်ယန်ဂစ်) ကတော့ မော်ရင်ဟိုသာ နည်းပြသစ်ဖြစ်လာမယ်ဆိုရင်တော့ မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘဲ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ ဂစ် ကို လက်လွှတ်လိုခြင်းမရှိဘဲ မော်ရင်ဟိုနဲ့ ကစားသမားတွေကြားမှာ အကောင်းဆုံး ပေါင်းကူးတံတားအဖြစ် အသုံးချလိုနေတယ်လို့ သိရပါတယ်။

ဂစ်ဟာ ဒေးဗစ်မိုယက်စ် မန်ယူအသင်းကို ကိုင်တွယ်စဉ်ကနေ စတင်ပြီး မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး မိုယက်စ်ထုတ်ပယ်ခံလိုက်ရချိန်မှာလည်း မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူး ပါတယ်။ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွိုင်ယန်ဂစ်ဟာ နည်းပြဗန်ဟားလ်ရဲ့လက်အောက်မှာလည်း နှစ်နှစ်အထိ အလုပ်လုပ်ပေးခဲ့ပြီး ဗန်ဟားလ်ထုတ်ပယ်ခံလိုက်ရတဲ့အချိန်မှာတော့ နောက်လာမယ့် နည်းပြရဲ့ အခြေအနေကို စောင့်ကြည့်နေအုံးမှာဖြစ်ပြီး မော်ရင်ဟိုသာ နည်းပြဖြစ်လာမယ်ဆိုရင်တော့ မန်ယူမှာ ဆက်ရှိနေဖို့ အနေအထား သိပ်မရှိဘူးလို့ ဆိုပါတယ်။

မန်ယူနည်းပြသစ်အဖြစ်သာ မော်ရင်ဟို ဖြစ်လာမယ်ဆိုရင်တော့ ကစားသမားပေါင်းများစွာကို မန်ယူအသင်းကနေ ရုံခါသွားဖွယ်ရှိနေပြီး မန်ယူအသင်းကိုလည်း ပြင်ပကစားသမားတွေ များစွာဝင်ရောက်လာဖွယ်ရှိနေပါတယ်။ ဂစ်ကတော့ ဒီလိုအစီအစဉ်တွေကို ပြုလုပ်ပေးဖို့ ဆန္ဒမရှိဘဲနဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ဖယ်ထုတ်ရမယ့် အလုပ်ကို မပြုလုပ်ချင်ဘူးလို့ ဆိုပါတယ်။

မန်ယူအသင်းကတော့ မော်ရင်ဟိုကို နည်းပြသစ်အဖြစ်ခန့်အပ်သွားဖို့ သေချာသလောက်ရှိနေပြီး မော်ရင်ဟိုအတွက် အသင်းကို ပြောင်းလဲမှုပေါင်းများစွာ ပြုလုပ်ဖို့အတွက် အပြောင်းအရွှေ့စရိတ် ပေါင် သန်း ၂၀၀ လောက် ထုတ်ပေးသွားဖို့ အစီအစဉ်ရှိနေတယ်လို့လည်း သိရပါတယ်။               

-Ref : The Sun


Leave a Reply