ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်း
တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့်ဆင့်ပြန်လည် ပြင်ဆင် ဖွဲ့စည်းရေးနှင့် ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်းတွေ့ဆုံပွဲ အခမ်းအနားကို ထားဝယ်မြို့ တိုင်း ဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ မေလ (၂၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့ပြီး အခမ်းအနား တွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးစီမံချက်၊ လုပ်ထုံးလုပ်နည်းများကို ဦးစွာရှင်းလင်း ပြောကြားပြီး ရပ်ကွက်ကျေးရွာများတွင် အခြေခံမှစ၍ အမာခံပါတီကေဒါများကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး ပါတီ များကိုလည်း ပါတီအပေါ် စိတ်ကောင်း၊စေတနာကောင်းဖြင့် ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေးကြရန် ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်း (အရန်ပါတီဗဟိုကော်မတီဝင်) ဦးသန်းအောင်က ဌာနချုပ်တွင် အစည်းအဝေးတက်ရောက်စဉ် လမ်းညွှန်မှာကြားချက်များကို ရှင်း လင်းပြောကြားပြီး တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးကျော်ဝင်း(၁)က တိုင်းဒေသကြီးအတွင်း ပါတီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ရေးအတွက် ပါတီဌာနချုပ်၏ လမ်းညွှန်မှာကြားချက်များကို ခရိုင်နှင့် မြို့နယ်များသို့ ဖြန့်ဝေပေးပြီး ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်စီစဉ်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လေးမြို့နယ်က ပါတီအတွင်းရေးမှူးတို့က ရပ်ကွက်/ကျေးရွာပါတီများ ရွေးချယ် ပြီးစီးနေမှုနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပါတီဗဟိုအတွင်းရေးမှူးက ဆွေးနွေး တင်ပြချက်များနှင့် ပါတီအဆင့်ဆင့် မျက်နှာစုံညီ အစည်းအဝေးများ ဗဟိုပါတီညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြုံးချို(ထားဝယ်)