Myanmar Set Dream မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေ

13244800_990053067775646_456915152906620790_n

Myanmar Set Dream မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း မေ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရသည်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုနှင့်ပတ်သက်၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

စခန်းများဝေးလံသည့် ဒေသတွင် Micro/Fiber Transmission ရရှိရန် မလွယ်ကူကြောင်း၊ လက်ရှိအခြေအနေတွင် Thaicom ဂြိုဟ်တုကို ငှားရမ်းပြီး သုံးစွဲနေရ ကြောင်း၊ ယခု ငှားရမ်းသည့်အခါတွင် လည်း Bandwidth မရကြောင်း၊ မိမိတို့ လိုအပ်သည့် Bandwidth ကို ရရှိရန်အတွက် အကန့်အသတ်ရှိသည့် အတွက်ကြောင့် ကိုယ်ပိုင်ဂြိုဟ်တု ငှားရမ်းရန်စီစဉ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် မကြာခင်အချိန်တွင် စာချုပ် ချုပ်ဆိုပြီး Myanmar Set Dream ဆိုပြီး မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

နိုင်ငံတော်အတွင်း ဂြိုဟ်တုသုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ ဆောင်ရွက်သွားနိုင်ရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ICT ကဏ္ဍမှ ဆက်သွယ်ရေးတစ်ခုတည်း မဟုတ်ဘဲ ကဏ္ဍတော်တော် များများမှာ ဂြိုဟ်တုနည်းပညာဖြင့် ချိတ်ဆက် အသုံးပြုနေကြပြီ ဖြစ်ကြာင်း၊ ဂြိုဟ်တုတစ်ခုကို ဝယ်ယူရုံဖြင့်မပြီးသေးဘဲ နည်းပညာပါလိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ တစ်ချိန်တွင် မိမိကိုယ်တိုင် ထိန်းသိမ်းကိုင်တွယ် ဆောင် ရွက်နိုင်သည့် အဆင့်ထိ ရောက်ရှိစေရေးကို မျှော်မှန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ယခင်က ပြောကြားခဲ့ဖူး သည်။


Leave a Reply