ပုဇွန်တောင် (၉)ရပ်ကွက် ပြည်ခိုင်ဖြိုး ပြန်လည်ဖွဲ့စည်း

AAWin2

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ အဆင့်ဆင့် ပါတီပြန်လည်ဖွဲ့စည်းမှုကို မေလ ( ၁၉ ) ရက် ညနေ ၅ နာရီက ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် နှင်းပန်းလမ်း၌ ဆောင်ရွက်ခဲ့သည်။

ပါတီဖွဲ့စည်းမှုဆောင်ရွက်ရာသို့ ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ရေးတိုင်းဒေသကြီး ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်စိုး၊ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးစိုးမင်းသန်း၊ မြို့နယ်ပါတီအဆင့်ဆင့် ပြန်လည် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်ကြည်တို့က ဦးဆောင်၍ ပါတီဝင် စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ကြပြီး ရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပပြီး၍  ညနေ ၅ နာရီခွဲတွင် ရပ်နား ခဲ့ကြောင်းသိရသည်။

အလားတူ ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် ပါတီအဆင့်ဆင့်ပြန်လည်ရွေးချယ်ခြင်းကို မေလ (၂၁) ရက်နေ့က ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

အေးအေးဝင်း


Leave a Reply