မြန်မာတောင်တက်အဖွဲ့ မေ ၂၅ ရက် ရန်ကုန်ရောက်မည်၊ တောင်တက်အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်မည်

13221603_1154405301246394_6508753367959389619_n

မြန်မာတောင်တက်အဖွဲ့သည် ယနေ့ (မေ ၂၃ ရက်) တွင် နီပေါနိုင်ငံ Kathmandu မြို့သို့ရောက်ရှိနေပြီဖြစ်ပြီး မေ ၂၅ ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ယင်းတောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းများ အဆက်မပြတ် တင်ဆက်ခဲ့သည့် Myanmar Flag on Everest ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

“မြန်မာတောင်တက်အဖွဲ့ဟာ နီပေါနိုင်ငံ Kathmandu မြို့ကို နေ့လည်အချိန်မှာ ရောက်ရှိပါတယ်။ တောင်တက် အဖွဲ့ဝင်ဖြစ်တဲ့ ကိုညီညီအောင် (aka) Doe Lone၊ ကိုပြည့်ဖြိုးအောင် (aka) Poe Pin၊ ကိုဝင်းကိုကို တို့ဟာ ဦးတေဇနဲ့ ထူးကုမ္ပဏီများအုပ်စုမှ ဝန်ထမ်းများနဲ့အတူ ရောက်ရှိလာခြင်းဖြစ်ပြီး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီး ဒေါ်မြင့်သန္တာနဲ့ ဝန်ထမ်းများ၊ နီပေါမြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်” ဟု ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာတောင်တက်အဖွဲ့သည် မေ ၂၅ ရက် နံနက် ၈နာရီ ၅၀ မိနစ်တွင် TG 303 လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး မေ ၂၇ ရက်တွင် တောင်တက်အတွေ့အကြုံ ရှင်းလင်းပွဲကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း Myanmar Flag on Everest တွင် ထုတ်ဖော်ရေးသားထားသည်။

The Voice Weekly


Leave a Reply