သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ Programming Contest ပြုလုပ်မည်

13254449_10207077985167890_4755819806930902290_n

၂၀၁၅-၂၀၁၆ ပညာသင်နှစ် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ Practice ACM-ICPC Programming Contest (UIT-Myanmar) ပြိုင်ပွဲကို မေလ ၂၂ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် Room 511 နှင့် Room 512 တို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် University Contest ပြိုင်ပွဲ၊ National Contest ပြိုင်ပွဲနှင့် Asia Regional Contest: Asia Yangon ပြိုင်ပွဲ အဖြစ် အဆင့် ၃ ဆင့် ပြိုင်ဆိုင်ရမည်ဖြစ်သည်။ University Contest ပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် အဖွဲ့များသည် ၂၀၁၆ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်မည့် National Contest ပြိုင်သို့ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ရွေးချယ်ခံရပါက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် Asia Regional Contest: Asia Yangon ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

University Contest အဆင့်ပြိုင်ပွဲ အစမ်းဖြေဆိုမှုကို မေလ ၂၂ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၁၉ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ University Contest အဆင့် ရွေးချယ်ရေးပြိုင်ပွဲကို မေလ ၂၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


Leave a Reply