ဗီလာကိုဝယ်သည့် တရုတ်သူဋ္ဌေး ကစားသမားဝယ်ရန် ပေါင် သန်း ၅၀ သုံးမည်

Aston-Villa-new-boss-Xia-Jiantong-Reuters

အင်္ဂလန် ပရီးမီးယားလိဂ်က တန်းဆင်းသွားရတဲ့ အက်စ်တွန်ဗီလာအသင်းကို ၀ယ်ယူတဲ့ တရုတ်သူဋ္ဌေး ဒေါက်တာ တိုနီဇီက မန်နေဂျာသစ်အနေနဲ့ ကစားသမားတွေ ၀ယ်ယူဖို့ ပေါင်သန်း ၅၀ ပေးသွားမယ်လို့ ဆိုပါတယ်။

ကလပ်အသင်းအတွက် ပေါင်သန်း ၂၀ ကနေ ၃၀၊ ၃၀ ကနေ သန်း ၄၀၊ ၄၀ ကနေ သန်း ၅၀ အထိ အသုံးစာရင်း ရှိသလို နည်းပြသစ်ရောက်လာမှ ဒါကို အတည်ပြုမယ်လို့ ဇီက ပြောပါတယ်။

ဒါ့အပြင် ဗီလာမန်နေဂျာအတွက် ချဲလ်ဆီးနဲ့ ၀က်စ်ဟမ်းကို နည်းပြခဲ့ဖူးတဲ့ ရောဘတ်တိုဒီမက်တီယိုကို ချိတ်ဆက်နေတယ်လို့ အတည်ပြုပါတယ်။

ဒေါက်တာ တိုနီဇီက ရန်ဒီလာနာဆီကနေ ပေါင်သန်း ၆၀ နဲ့ ဒီသီတင်းပတ်မှာ ၀ယ်ယူတာ ဖြစ်ပါတယ်။

အရောင်းအ၀ယ် အတည်ပြုဖြစ်မယ်ဆိုရင်တော့ စုစုပေါင်းကုန်ကျစရိတ် ပေါင်သန်း ၁၀၀ ကျော်တယ်လို့လည်း ဇီက ပြောပါတယ်။

ဗီလာအသင်းဟာ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ၁၇ မှတ်သာ ရရှိတာကြောင့် အင်္ဂလန် ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပါတယ်။

(ရိုက်တာ)


Leave a Reply