ထားဝယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများပူးပေါင်း၍ သောက်သုံးရေ အခက်အခဲပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရသော ကူးတို့၊ ကျောက်ရပ်၊ တနိုင်းဒါ၊ ရှင်မုတ္တီး၊ ရောင်းမော်ကျေးရွာအုပ်စုများသို့ မေလ (၁၇) ရက်နေ့က သောက် သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးအဖွဲ့များ စုစုပေါင်း (၁၇) ဦးမှ ရေဂါလံ (၁၆၀၀) ဆန့်ရေကားဖြင့် ကျေးရွာအုပ်စု တစ်စုလျှင် နှစ်ခေါက် (ရေဂါလံ ၃၂၀၀) ဖြန့်ဝေလှူဒါန်းခဲ့ပြီး ကျေးရွာအုပ်စု (၅) အုပ်စုရှိ အိမ်ထောင်စုပေါင်း (၅၀၀၀) ကျော်အတွက် ရေဂါလံ (၁၆၀၀၀) ဖြန့်ဝေလှူဒါန်းခဲ့သည်။

သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Leave a Reply