ကင်တပ်ကီနှင့် အော်ရီဂွန်ပြည်နယ် ယှဉ်ပြိုင်မှု၌ ကလင်တန်နှင့် ဆန်းဒါး ကွဲကွဲပြားပြား အနိုင်ရ

13256390_1708381239402377_7495961076973293659_n

ဝါရှင်တန် မေ ၁၈

နိုဝင်ဘာအထွေထွေရွေးကောက်ပွဲ အနိုင်ရရှိရေး နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မဲဆွယ်မှုများ ပြုလုပ်ရာ အင်္ဂါနေ့က ဒီမိုကရက်တစ် ကိုယ်စားပြု သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ဘာနီ ဆန်းဒါးတို့သည် ၄င်းတို့၏ အကြိုရွေးကောက်ပွဲတို့တွင် အသီးသီးအနိုင်ရရှိကြသည်။

ဟီလာရီကလင်တန် အနိုင်ရဖွယ်မရှိသည့် ကင်တပ်ကီ ပြည်နယ်၌ ဆန်းဒါးကို ကပ်၍နိုင်ခဲ့ပြီး အော်ရီဂွန်ပြည်နုယ်၌ ဆန်းဒါးက အနိုင်ရရှိခဲ့သည်။ ကင်တက်ကီပြည်နယ်၌ ယှဉ်ပြိုင် ဖက် နှစ်ဦးလုံးမှ အနိုင်ရရှိရန် ကိုယ်စားလှယ် ၅၅ ဦး ခွဲဝေယူနိုင်ဖွယ်ရှိပြီး အော်ရီဂွန်ပြည်နယ်၌ ဆန်းဒါးအနေနှင့် ကိုယ်စားလှယ် ပေါင်း ၆၁ ဦး ရယူသွားဖွယ်ရှိသည်။

ကလင်တန်၏ ရရှိထားသော ကိုယ်စားလှယ်အရေအတွက်သည် အဆုံးသတ်တွင် ပါတီအတွက် သမ္မတလောင်း ဖြစ်လာနိုင်သော်လည်း ၄င်းအနေဖြင့် သေချာစေရန် ကိုယ်စားလှယ် အရေအတွက် ၁ဝဝ ကျော် လိုအပ် နေသေးသည်။

ဒီမိုကရက်တစ် အကြိုလှုပ်ရှားမှုများကို နှစ်ပတ်ကြာ ခေတ္တရပ်စဲထားမည်ဖြစ်ပြီး ကယ်လီဖိုးနီးယားအပါအဝင် အဓိက ယှဉ်ပြိုင်ပွဲများကို ဇွန် ၇ ရက်တွင် ပြုလုပ်သွားဖွယ်ရှိ သည်။

ကင်တပ်ကီပြည်နယ်၌ မဲဆွယ်စည်းရုံးပွဲအတွက် အချိန်နှစ်ရက်ကြာခဲ့သော ကလင်တန်သည် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ရီပတ်ဘလစ်ကန် ကိုယ်စားပြုယှဉ်ပြိုင်သူ ဒေါ်နယ်ထရန့်ကို အာရုံစိုက်ဖွယ်ရှိနေသည်။

(ရိုက်တာ)


Leave a Reply