အပြေးချန်ပီယံ အူစိန်ဘော့ ဒဏ်ရာကြောင့် ဂျာမနီတွင် ဆေးကု

Usain-Bolt-Reuters

ပိုမိုဆိုးဝါးလာတဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဂျမေကာအပြေးသမား အူစိန်ဘော့ဟာ ဂျာမနီမှာ ဆေးကုသမှု ခံယူနေတယ်လို့ နည်းပြကို ကိုးကားပြီး ဒေသခံ ရေဒီယိုတွေက ထုတ်ပြန်ပါတယ်။

မေ ၁၄ ရက် ကေမန်းကျွန်းက နိုင်ငံတကာဖိတ်ခေါ် အပြေးပြိုင်ပွဲမှာ မီတာ ၁၀၀ နဲ့ ၂၀၀ အိုလံပစ်ချန်ပီယံ အူစိန်ဘော့ဟာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တာလို့ အူစိန်ဘော့ရဲ့ နည်းပြ ဂလန်းမေးလ်က ပြောပါတယ်။

ပြိုင်ပွဲအဆုံးသတ်မှာ အူစိန်ဘော့ရဲ့မျက်နှာ ရှုံ့မဲ့သွားတာကို သတိထားမိသလားလို့ နည်းပြ မေလ်းက ပြောပါတယ်။

လက်ရှိမှာတော့ ဂျာမနီနိုင်ငံက ပြေးခုန်ပစ် အားကစားသမားတွေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကုသခံနေပါတယ်။

ဒီပြိုင်ပွဲမှာ အူစိန်ဘော့က မီတာ ၁၀၀ ကို ၁၀ ဒသမ ၀၅ စက္ကန့်နဲ့ ပန်းဝင်ပြီး ပထမ ရရှိသွားပါတယ်။

(ရိုက်တာ)


Leave a Reply