ViVo V3 နှင့် V3 Max မော်ဒယ်သစ် စမတ်ဖုန်းများကို ပြည်တွင်း၌ မိတ်ဆက်

13178648_1388051301220911_3062022427642908143_n

ViVo မှ နောက်ဆုံးထုတ်လုပ်ထားသည့် V3 နှင့် V3 Max မော်ဒယ်များကို ပြည်တွင်း၌ စတင်ရောင်းချခြင်းနှင့် အဆိုပါ ဖုန်းများ မိတ်ဆက်ပွဲအား မတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည်။ V3 နှင့် V3 Max မော်ဒယ်များတွင် ဝ.၂ စက္ကန့်အတွင်း ဖုန်းကို Unlock လုပ်နိုင်သည့် Fringerprint Unlocking နည်းပညာ၊ ၅ မိနစ်ခန့် အားသွင်းရုံဖြင့် ၂ နာရီခန့် အသုံးပြု နိုင်သည့် မြန်ဆန်သော Flash Charge အားသွင်းနည်းပညာ၊ အသံပိုင်းအတွက် Smart Amp နည်းပညာများ၊ ဝ.၂ စက္ကန့်အတွင်း Focus ဖမ်းယူနိုင်သည့် PDAF ကင်မရာနည်းပညာနှင့် Split-Screen Multitasking နည်းပညာများ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။

ViVo V3 သည် မြင်ကွင်း အရွယ်အစား ၅ လက်မရှိပြီး Snapdragon 616 Octa-core 1.8 GHz CPU, 3 GB RAM နှင့် သိုလှောင်မှုအတွက် 32GB ROM စနစ်များ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။ V3 Max သည် မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိပြီး Snapdragon 652 Octa-core 1.8 GHz CPU, 4 GB RAM နှင့် သိုလှောင်မှုအတွက် 32GB ROM စနစ်များ ထောက်ပံ့ပါဝင်မည်ဖြစ်သည်။ V3 နှင့် V3 Max မော်ဒယ် နှစ်မျိုးစလုံးတွင် 13 MP ကျောဘက်ကင်မရာနှင့် 8 MP ရှေ့ဘက်ကင်မရာများကို တပ်ဆင်ထားပြီးကိုယ်ထည်မှာ သတ္တုကိုယ်ထည်များဖြစ်သည်။ OS အနေဖြင့် Android  5.1 ကို အခြေခံထားသည့် Funtouch OS 2.5 အမျိုးအစား ဖြစ်သည်။

အရောင်အနေဖြင့် ရွှေရောင် တစ်မျိုးတည်းကိုသာ ၀ယ်ယူနိုင်ဦးမည်ဖြစ်ပြီး V3 ကို တန်ဖိုး ၂၈၈,ဝဝဝ ကျပ်၊ V3 Max ကို ၄၁၈,ဝဝဝ ကျပ်ဖြင့် ရန်ကုန်အပါအ၀င် တခြားသော တိုင်းနှင့် ပြည်နယ်များတွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


Leave a Reply