၂၀၁၇ ခုနှစ်အတွက် Fulbright Foreign Student Scholarship Program နှင့် Hubert H. Humphrey Fellowship Program လျှောက်ထားနိုင်

New Picture (1)

၂၀၁၇ ခုနှစ် Fulbright Foreign Student Scholarship Program နှင့် Hubert H. Humphrey Fellowship Program များအတွက် ဝင်ရောက်ယှဉ်ပြိုင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးမှ သိရသည်။

ဖူးလ်ဘရိုက် ပညာသင်ဆု အစီအစဉ်သည် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံတွင် Master Degree ကို တက်ရောက် လိုသူများ အတွက် Full Scholarship ပေးအပ်သည့် အစီအစဉ်ဖြစ်သည်။

Fellowship Program သည် ဘွဲ့ရပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်နိုင်ငံရှိ တက္ကသိုလ် များတွင် မိမိနှင့်သက်ဆိုင်သည့် ဘာသာရပ်များအား ရွေးချယ်တက်ရောက်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုကို တစ်နှစ်တိတိ ပေးအပ်သော အစီအစဉ်ဖြစ်သည်။

လျှောက်ထားလိုသူများသည် http://burma. usembassy.gov/ scholarship- program.html တွင် လျှောက်လွှာ များကို download ရယူလျှောက်ထားနိုင်ပြီး အသေးစိတ် ထပ်မံသိရှိလိုသူများအနေဖြင့် ယဉ်ကျေးမှုရေးရာ ဌာန RangoonUSECA@state.gov သို့ အီးမေးလ် ပေးပို့မေးမြန်းနိုင်မည်ဖြစ်သည်ဟု သိရသည်။

Internet Journal

 


 


Leave a Reply