ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် နိုင်ပွဲရယူပြီး ဆုဖလား ကိုင်မြှောက်

13235275_1715628692023348_3232963283082405012_o

ဘွန်ဒစ်လီဂါ ရာသီပိတ် ပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်(၃၄)ကို စနေ့ည (၈)နာရီမှာ တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ ဟန်နိုဗာအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ခဲ့ပါတယ်။

ဘွန်ဒစ်လီဂါမှာ ချန်ပီယံ အဖြေပေါ်ပြီးဖြစ်သလို၊ ဥရောပ ၀င်ခွင့်ရမယ့်အသင်းတွေကလည်း သေချာလုနီးပါးဖြစ်ခဲ့လို့ တန်းဆင်းဇုန်က အသင်းတွေကိုပဲ စောင့်ကြည့်ခဲ့ရတာပါ။

တန်းဆင်းဇုန်မှာ ဟန်နိုဗာက တန်းဆင်းပြီးသားအသင်းဖြစ်ပြီး ဖရန့်ဖတ်၊ ၀ါဒါဘရီမင်၊ စတုဂတ်အသင်းတွေကို စောင့်ကြည့်ခဲ့ရပါတယ်။ တန်းဆင်းဇုန် ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ၀ါဒါဘရီမင်နဲ့ ဖရန့်ဖတ်တို့ တွေ့ဆုံတဲ့ပွဲစဉ်မှာ ၀ါဒါဘရီမင်အသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရပြီး ဘွန်ဒစ်လီဂါမှာ တင်ကျန်ခဲ့ပါတယ်။

အခြား တန်းဆင်းဇုန်ထဲက အသင်းဖြစ်တဲ့ စတုဂတ်အသင်းက အဝေးကွင်းမှာ ၀ုလ်ဖ်ဘတ်အသင်းကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ပြီး တန်းဆင်းသွားခဲ့ရပါတယ်။

၂၀၁၅-၁၆ ရာသီ ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ဘိုင်ယန်မြူးနစ်အသင်း ရရှိခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ကိုတော့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လေဗာကူဆင်၊ မိုချန်ဂလာဘတ် အသင်းတို့ ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ် ၀င်ခွင့်ကိုတော့ ရှော်လ်ကေး၊ မိန့်ဇ်၊ ဟာသာဘာလင်အသင်းတို့ ရရှိခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းက အဆင့်(၁၆)ရပြီး ဘွန်ဒစ်လီဂါ-၂ က တတိယရတဲ့အသင်းနဲ့ Play-off ကစားခွင့်ရခဲ့ပါတယ်။ စတုဂတ်နဲ့ ဟန်နိုဗာ အသင်းတွေကတော့ ဘွန်ဒစ်လီဂါက တန်းဆင်းသွားခဲ့ရပါတယ်။

-Ref: AFP


Leave a Reply