ဂိုးရာကျော်သွင်းပြီး အောင်ပွဲခံခဲ့တဲ့ ပြင်သစ်လီဂူးချန်ပီယံ PSG

13227584_1715729785346572_1431906327654401322_o

၂၀၁၅-၁၆ ရာသီ ပြင်သစ်လီဂူး နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံ PSG အသင်းက အိမ်ကွင်းမှာ နန့်စ်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် PSG အသင်းရဲ့ ဒီရာသီ ပြင်သစ်လီဂူး သွင်းဂိုးပေါင်း (၁၀၂)ဂိုးရှိခဲ့ပြီး ပြင်သစ်လီဂူး သမိုင်းတစ်လျှောက် ဂိုး(၁၀၀)နဲ့အထက် သွင်းယူနိုင်တဲ့ စတုတ္ထမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။

PSG အသင်းအတွက် ဂိုးတွေကို (၁၇၊ ၈၉) မိနစ်မှာ အီဘရာဟီမိုဗစ်၊ (၄၃)မိနစ်မှာ လူးကပ်စ်မော်ရာ၊ (၅၂)မိနစ်မှာ မာကွင်ဟို့စ်တို့က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ အီဘရာဟီမိုဗစ်ရဲ့ ဒီရာသီ ပြင်သစ်လီဂူး သွင်းဂိုးဟာ (၃၈)ဂိုး ရှိလာခဲ့ပြီး PSG အသင်း သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြင်သစ်လီဂူး ချန်ပီယံ PSG အသင်း ဆုဖလားရယူကာ အောင်ပွဲခံခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို PSG၊ လိုင်ယွန်၊ မိုနာကိုတို့ ရခဲ့ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ နိုက်စ်၊ လိုင်လီတို့ ရယူသွားပါတယ်။

ရင်းစ်၊ ဂါဇီလက်၊ ထရွိုင်စ် အသင်းတွေကတော့ ပြင်သစ်လီဂူးက တန်းဆင်းသွားခဲ့ရပါတယ်။ တန်းဆင်းအန္တရာယ်က ရုန်းထွက်ပြီး ပြင်သစ်လီဂူးမှာ အံ့အားသင့်ဖွယ် တင်ကျန်ခဲ့တဲ့ တူးလူးအသင်းကတော့ ပွဲစဉ်(၂၈)အပြီးမှာ အဆင့်(၁၇) နေရာက အသင်းနဲ့ (၁၀)မှတ် ကွာဟပြီးမှ တန်းမဆင်းခဲ့ရတဲ့ ပထမဆုံး ပြင်သစ်လီဂူးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။

-Ref: AFP


Leave a Reply