ပြည်တွင်းမီဒီယာအားလုံး ဝန်ကြီးချုပ်ကို အထူးပြု ဝိသေသ စကားဖြင့် ရည်ညွှန်းရန် ကမ္ဘောဒီးယား အစိုးရ ညွှန်ကြား

_89680444_900779b0-9946-4047-b64e-046c384c5add

ပြည်တွင်း မီဒီယာအားလုံး ဝန်ကြီးချုပ် ဟွန်ဆန်းနှင့် ပတ်သက်၍ အထူးပြု ဝိသေသ စကားရပ် တစ်ခုဖြင့် သုံးနှုန်း ဖော်ပြရမည်ဟု ကမ္ဘောဒီးယား အစိုးရက အမိန့်ပေး လိုက်သည်။

ဟွန်ဆန်းကို ရည်စူးသည့် အခါတိုင်း လော့ဒ် ဝန်ကြီးချုပ်နှင့် စစ်ဦးစီးချုပ်ကြီးဆိုသော ဝေါဟာရကို တွဲဖက်သုံးစွဲရမည်ဟု မီဒီယာများကို ပြန်ကြားရေး ဝန်ကြီးက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနတွင် သုံးနာရီ ဝန်းကျင်မျှ ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီးတွင် မီဒီယာအားလုံး အဆိုပါ သတ်မှတ်ချက်ကို လိုက်နာရမည်ဟု အမိန့်ထုတ် ခံခဲ့ရသည်။

ဩဂုတ်မှစကာ ဝန်ကြီးချုပ်နှင့် ပတ်သက်၍ အဆိုပါ သတ်မှတ်ရာထူးအမည်အပြင် ဝန်ကြီးချုပ်ကတော်၊ အခြားသော ထိပ်တန်း အရာရှိများအတွက် ရာထူးများကိုပါ မီဒီယာများ မည်သို့မည်ပုံ ခေါ်ဝေါ်ရမည်ကို လမ်းညွှန်ခဲ့သည်။ အကယ်၍ ပျက်ကွက်ပါက အရေးယူခြင်း ခံရမည်ဟု ဝန်ကြီးဌာနက သတိပေးထားသော်လည်း မည်သို့မည်ပုံ အရေးယူမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။

ဟွန်ဆန်း၏ သတ်မှတ်ရာထူးသစ်ကို ပုံနှိပ်သတင်းစာများ၊ ရေဒီယိုများ၊ ရုပ်မြင်သံကြား ဌာနများအားလုံး တစ်ပြေးညီ လိုက်နာ သုံးစွဲရမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက လမ်းညွှန်ထားသည်။ ထို့အတူ ဝန်ကြီးချုပ်ကတော်ကို ညွှန်းဆိုသည့်အခါ ကောင်းခြင်းပြည့်စုံသည့် အဆင့်မြင့် ပညာရှင် ဘွန်ရာနီ ဟွန်ဆန်းဆိုသော အဓိပ္ပါယ်မျိုးနှင့် ဝေါဟာရကို အသုံးပြုရမည်ဟုလည်း ဖော်ပြထားသည်။

Ref: BBC


Leave a Reply