ပေါက်ခေါင်းတွင် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ယခုလ (၁) ရက်မှစ၍ ရပ်/ကျေး (၅၈) အုပ်စုသို့ အမာခံကေဒါများ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုလ (၁ဝ) ရက်ထိ (၃၁) အုပ်စု ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖွဲ့စည်းဆောင်ရွက်ရာတွင် ခရိုင်ပါတီကော်မတီဝင် ဦးဝင်းမော်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်းထွန်းမြင့် တို့က ကြီးကြပ်၍ မြို့နယ်ပါတီကော်မတီဝင် ဦးထွန်းလွင်နှင့် သုံးဦးအဖွဲ့၊ ဦးမျိုးညွန့်နှင့်သုံးဦးအဖွဲ့၊ ဦးအောင်မင်းထွန်းနှင့် နှစ်ဦးအဖွဲ့၊ ဦးအေးပိုင် နှင့် သုံးဦးအဖွဲ့ စသည်ဖြင့် လေးဖွဲ့ခွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply