ဆေးဖက်ဝင် ဖာလာစေ့

13221448_1763157500586974_5604125118785337202_n

“Cardamom “လို့ခေါ်တဲ့ ဖာလာအစေ့အစွမ်း ဖာလာစေ့ကို ရေနွေပူပူဖြင့် စိမ့်သောက်၍သော်၎င်း ကျိုချက် သောက်သုံး၍သော်၎င်း မိမိကြိုက်နှစ်သက်သလို သောက်သုံးလို့ ရပါတယ်။ ဖာလာစေ့ဟာ အရေပြားနှင့် ဆံပင်ကို များစွာ အထောက်ကူဖြစ်စေပါတယ်။

သူ့ရဲ့ကောင်းကျိုး အာနိသင်ကတော….

သွေးအားကိုမြင့်တင်ပေးခြင်း.. အသားအရည် စိုပြေလန်းဆန်းစေခြင်း… ဆံပင်ပြတ်ခြင်း ဘောက်ထခြင်း ဆံပင်မသန် စွမ်းခြင်း ဆံပင်နှစ်ခွဖြစ်ခြင်း ဦးရေပြားယား ယံခြင်းတို့ကို ပျောက်ကင်း သက်သာစေပြီး ကင်ဆာနှင့် အခြားသော ရောဂါများကိုလည်း ကာကွယ်တာဆီးပေးပါတယ်။

ဖာလာအစေ့ကို ညက်အောင်ထုချေပြီး မိမိ၏ အနာဒဏ်တ၀ိုက်မှာ အုံပေးထားခြင်းဖြင့် အမြန်ပျောက်ကင်း သက်သာ စေပြီး ပိုးမွှားများကိုလည်း သေစေနိုင်ပါတယ်။

အခြားသောတိုင်းပြည်တွေမှာ ဖာလာစေ့နှင့်ရောစပ်ပြုလုပ်ထားသော Cardamom tea mixများကိုလည်း ၀ယ်ယူရရှိ နိုင်ပါတယ်။


Leave a Reply