ဧပြီလအတွက် အကောင်းဆုံးနည်းပြနှင့် ကစားသမားဆုကို ရာနီရေရီ နှင့် အဂူရို ရရှိ

13224195_242605046097825_895392722_o

လက်စတာစီးတီး မန်နေ ဂျာ ကလော်ဒီယိုရာနီရေရီသည် ဧပြီလ၏ အကောင်းဆုံး မန်နေ ဂျာအဖြစ် ရွေးချယ်ခံရပြီး မန်ချက် စတာစီးတီးမှ အဂူရိုက အကောင်း ဆုံး ကစားသမားဆု ဆွတ်ခူးခဲ့သည်။

ရာနီရေရီသည် ဧပြီလအ တွင်း သုံးပွဲနိုင်၊ တစ်ပွဲနိုင်ရလဒ်နှင့် အတူ ချန်ပီယံဖြစ်ရန် အလားအလာ အလွန် နည်းပါးသည်ဟု သတ်မှတ်ခံရသော အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိအောင် ပထမဆုံးအကြိမ် စွမ်းဆောင် နိုင်ခဲ့သည်။

ရာနီရေရီသည် တနင်္လာနေ့ကလည်း ယခုဘောလုံးရာသီအတွက် အီတလီဘောလုံးလောက၏ အကောင်းဆုံး နည်းပြဆု ချီးမြှင့်ခံခဲ့ရသည်။

အဂူရိုသည် ဧပြီလအတွင်း ကစားခဲ့သော မန်စီးတီး၏ ငါးပွဲ စလုံးတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ချယ်လ်ဆီးကွင်း၌ ဧပြီ ၁၆ ရက် တွင် ကစားသောပွဲ၌ ဟက်ထရစ်သွင်းယူခဲ့သည်။

အဂူရို၏ ဂိုးများကြောင့် မန်စီးတီးအသင်းသည် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာ ကောင်းသွားသည်။

—Ref: Reuters


Leave a Reply