လက်ပံတန်းမြို့နယ် ပြည်ခိုင်ဖြိုးမှ အမာခံကေဒါများ ကွင်းဆင်းဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဧပြီ (၂၃) ရက်မှစ၍ ပြည်ခိုင်ဖြိုး ပါတီမှ အမာခံကေဒါများကို ရပ်/ ကျေး (၅၃) အုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန် ထိ (၃၆) အုပ်စုတွင် ကျေးရွာပေါင်း (၂၂၂) ရွာ၌ အမာခံကေဒါများ (၃၆၆) ဦး ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ဖွဲ့စည်းရာ၌ အဖွဲ့ (၁) တွင် မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဦးသန့်ဇော်ဝင်း၊ ဦးမြင့်ကျော်၊ အဖွဲ့ (၂)တွင် ဦးသိန်းဇံ၊ ဦးခင်သောင်း၊ ဦးမင်းမင်းဦး၊ အဖွဲ့ (၃)တွင် ဒေါ်မြတ်ခိုင်အုန်း၊ ဦးမြင့်ကျော်၊ ဦးတင်မောင်ဝင်း၊ ဦးခင်မောင်ဦးတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply