တာချီလိတ်ပြည်ခိုင်ဖြိုး မီးဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း

IMG_5677

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းသည် ခရိုင်အတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးကျဒေါလော်၊ ဦးချမ်းမြ၊ ဦးအောင်ဝင်း၊ စည်းရုံးရေးမှူး ဦးစိုးကျော်အောင်၊ ဦးလော်ဖာ၊ ဦးဘိုဘိုမောင်၊ ပါတီဝင်လူငယ်များ၊ ပါတီဝင်အမျိုးသမီးအဖွဲ့ဝင်  အင်အား(၂၀)ဦးတို့သည် ဧပြီလအတွင်းက တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းသဖြင့် လူနေအိမ်(၁၃) လုံးနှင့် ဘုရားရှိခိုးကျောင်း (၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု ကျထိနားရွာသို့ မေလ (၉) ရက် နံနက်ပိုင်းက သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

IMG_5666

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများနှင့် ကျေးရွာသူကြီး ဦးယာလော်အား တွေ့ဆုံ အားပေးစကားပြောကြားကာ ပြည်ခိုင်ဖြိုးပါတီနှင့် တာချီလိတ်မြို့ ပြည်သူများ လှူဒါန်းသော ကျပ်(၄)သိန်း (၅)သောင်းတန် အ၀တ်အထည်များ၊ ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော ကျပ်(၄)သိန်း တန်ဖိုးရှိ ဦးထုပ်၊ ငါးသေတ္တာ၊ ခေါက်ဆွဲ၊ ဆီ၊ ရေသန့်ပစ္စည်းများ၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်း (မိသားစု)မှ လှူဒါန်းသော ကျပ်(၅)သောင်း တန်ဖိုးရှိ ဖိနပ်များ၊ စည်းရုံးရေးမှူး ဦးထက်အောင်မှ သံမှိုများဝယ်ယူရန် လှူဒါန်းသော ငွေသား ထိုင်းဘတ်ငွေ (၁၀၀၀) တို့ကို လှူဒါန်းရာ မီးဘေးသင့် ပြည်သူများမှ လက်ခံရယူပြီး အမှတ်တရဓါတ်ပုံများ ရိုတ်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့သည် ရေပူစမ်း(စံပြ)ကျေးရွာသို့ သွားရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Credit – Htet Pine Soe


Leave a Reply