သာယာဝတီ ပြည်ခိုင်ဖြိုးပါတီမှရပ်ကျေးအမာခံကေဒါများရွေးချယ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မြို့နယ်များအတွင်း ဧပြီ ၂၃ ရက်မှစ၍ အမာခံ(ကေဒါ)များ အသစ်စတင်ဖွဲ့စည်းရာ ယခုအချိန်တွင် ရပ်/ကျေး ၇ဝ အုပ်စုတွင် ၆၅ အုပ်စုအထိရွေးချယ် ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ဖွဲ့စည်းရာ၌ သာယာဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော်စိုးက ဦးဆောင်ဖွဲ့စည်းသော အဖွဲ့လေးဖွဲ့ဖြင့် အဖွဲ့ခေါင်းဆောင်များအဖြစ် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြတ်စိုး အောင်၊ ဦးအောင်ကျော်ဦး၊ ဦးကျော်ဇေယျနှင့် ဦးသန်းထွေး တို့က အဖွဲ့တစ်ဖွဲ့လျှင် သုံးဦးစီ ပါဝင်သော အဖွဲ့များဖြင့် ရပ်/ကျေးအတွင်း ပြည်ခိုင်ဖြိုးအမာခံ(ကေဒါ)များ ရွေးချယ်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply