မူးယစ်ရာဇာ အယ်လ်ချာပိုအား အမေရိကန်သို့ လွှဲပြောင်းပေးရန်ရှိ
မက္ကဆီကိုစီးတီး၊ မေ ၁၀ ။ ။ မူးယစ်ရာဇာ အယ်လ်ချာပိုအား အမေရိကန်သို့ လွဲပြောင်းပေးနိုင်ကြောင်း မက္ကဆီကို နိုင်ငံက တရားရုံးက အမိန့်ချမှတ်သည်။
အယ်လ်ချာပိုသည့် အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ အများအပြား တင်သွင်းနေခြင်းကြောင့် အလိုရှိနေသူ ဖြစ်သည်။
လွှဲပြောင်းပေးအပ်ရေးအတွက် မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရက် ၃၀ အတွင်း ဆုံးဖြတ်ရမည် ဖြစ်သည်။
တရားရုံး၏ နိုင်ငံလွှဲပြောင်းသည့် အမိန့်ကို အယ်လ်ချာပို၏ ရှေ့နေက အယူခံဝင်ထားသည်။ ၎င်းအား ပြီးခဲ့သည့် နှစ်ရက်က အမေရိကန်နယ်စပ်နားရှိ အကျဉ်းထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ချထားသည်။
သို့သော် ယင်းသို့ အမေရိကန်နိုင်ငံအနီးသို့ ပြောင်းရွှေ့ခြင်းက နိုင်ငံလွှဲပြောင်းရန်အတွက် ကြိုတင်လက်ဦး လုပ်ဆောင်ခြင်းဖြစ်သည်ဆိုသည်ကိုမူ အာဏာပိုင်များက ငြင်းဆန်သည်။ အယ်လ်ချာပိုသည် Sinaloa မူးယစ်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
၎င်းသည် မက္ကဆီကိုတွင် လုံခြုံရေးအထူးတင်းကြပ်ရာ အကျဉ်းထောင်မှ ဥမင်တူးပြီး ထောင်ဖောက် ထွက်ပြေးနိုင်ခဲ့သူ ဖြစ်ပြီး ခြောက်လအကြာ ဇန်န၀ါရီအတွင်းကမှ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
-Ref; BBC