ရခိုင်ပြည်နယ်/ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ပါတီနာယကများ၊ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ကော်မတီများ၊ ခရိုင်ပါတီဥက္ကဋ္ဌများ တွေ့ဆုံပွဲကို မေလ (၆) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီအရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီနာယက ဦးမောင်မောင်အုန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေ (ဗဟို ကော်မတီဝင်)မှ တွေ့ဆုံပွဲခေါ်ယူရ ခြင်းနှင့် ပတ်သက်၍ ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီတွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်) က သြဂုတ်လ အတွင်း ပြုလုပ်ကျင်းပမည့် ဗဟိုပါတီညီလာခံကျင်းပရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ် ရှိ ရပ်/ကျေးမှစ၍ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်အဆင့်ထိ ပါတီပြန်လည် သန့်စင်ဖွဲ့စည်းရမည့် အကြောင်းအား ရှင်လင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အလိုက် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီဥက္ကဋ္ဌများမှ မိမိတို့ဒေသအခြေအနေ များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ ဗဟိုကော်မတီ ဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင် များမှလည်း ဆက်လက်အကြံပြုဆွေးနွေး၍ ပြည်နယ်ပါတီနာယက ဦးမောင်မောင်အုန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Leave a Reply